အခန်း(၃၂၃)

69 14 0
                                    

အခန်း(၃၂၃)

သူမ ဘာကို မြင်ချင်တာလဲ။






“ဘာလို့ ရေချိုးရမှာလဲ။” Han Yunxi မှာ Su Xiaoyu အား စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။

Su Xiaoyu မှာ ရိုးစင်းသော မျက်လုံးများအား ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရိုးသားစွာ ပြောလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး.. ဝမ်ဖေးတို့လို ချမ်းသာတဲ့သူတွေက အိပ်ရာထလာတာနဲ့ ရေချိုးရတာ ကြိုက်တယ်မဟုတ်ဘူးလား။ အသားအရည် ထိန်းသိမ်းဖို့လေ။"

Han Yunxi မှာ ရှုံ့မဲ့ကာ ပြောလိုက်သည်။ “မင်း အဲ့တာတွေ ဘယ်ကကြားလာတာတုန်း..”

“သူတောင်းစားအစ်မတွေ ပြောတာ။ ချမ်းသာတဲ့ သူတွေက ရေထဲ ပန်းပွင့်ဖတ်တွေ ကျဲထားပြီး နှိပ်နှယ်ဖို့ အရမ်း အရမ်း ဈေးကြီးတဲ့ ဆီကို အသုံးပြုတယ်လို့ သူတို့က ပြောတယ်။” Su Xiaoyu မှာ သူမ မျက်လုံးများရှေ့တွင် မြင်ခဲ့ရသကဲ့သို့ စိတ်အား ထက်သန်စွာပြောနေသည်။

Han Yunxi မှာ ဘာပြောရမှန်းပင် မသိတော့ချေ။ သို့တိုင် Su Xiaoyu ၏ စကားများမှာ မှန်ကန်လှသည်။ တော်ဝင်မျိုးနွယ်၏ အထက်တန်းလွှာ မြင့်မြတ်သူများမှာ အမျိုးသမီးကော အမျိုးသားများပါ သူတို့၏ ရေချိုးကန်အား နှစ်သက်ကြသည်။ အကယ်၍ ထိုမိန်းကလေးငယ်လေး၏ စကားများကြောင့်သာ မဟုတ်လျှင် Han Yunxi မှာ Long Feiye ၏ အိပ်ဆောင်မှ ခမ်းနားလှသော ရေပူစမ်းအား မေ့လုနီးပါးဖြစ်သွားနိုင်သည်။ ၎င်းမှာ Su Xiaoyu ၏ ရိုးရှင်းသော ရေချိုးတယ် ဆိုသည့်စကားဖြင့် အလုံးစုံကွာခြားသော နယ်ပယ်တွင် ရှိနေသည်။

“ငါက ညနေခင်းတွေမှ ရေစိမ်ရတာ ကြိုက်တယ်။" Han Yunxi မှာ ပြုံးလိုက်သည်။

Su Xiaoyu ၏ မျက်လုံးများတွင် ပါးနပ်သောအကြည့်များက ဖြတ်သွားပြီးနောက် လျင်မြန်စွာ ကမ်းလှမ်းလိုက်သည်။ “ဒါဆို Xiaoyu က လေးစားရတဲ့ဝမ်ဖေးကို ညနေပိုင်းမှာ ပြုစုပေးမယ်။"

Han Yunxi မှာ စကားမဆိုပဲသာ ပြုံးလိုက်သည်။ သူမက စာကြည့်ခန်းထဲတွင် အိပ်နေခြင်း မဟုတ်ပဲ အဆိပ်ဖြေစနစ်ထဲမှ မိန်းမလှသွေးနှင့် ပတ်သက်သော မှတ်တမ်းများအား ဖတ်ရှုနေခြင်းဖြစ်သည်။ ရလဒ်မှာ စိတ်ပျက်စရာပင်။ မှတ်တမ်းမှတ်ရာများမှာ နည်းပါးကာ အကြောင်းအရာများမှာ သူမက သိထားပြီးသားဖြစ်သည်။ မိန်းမလှသွေးမှာ ထူးခြားသော အမျိုးသမီးတစ်ယောက်၏ ကိုယ်တွင်း၌ ပျိုးထောင်ရသည်။ နှေးကွေးအဆိပ် သုံးရာအား သောက်သုံးပြီးသည်နှင့် ထိုအမျိုးသမီး၏ သွေးမှာ အရည်အသွေး ပြောင်းလဲသွားသည်။ သာမာန်ဆေးပညာ သဘောတရားများတွင် လူတစ်ယောက်၏ သွေးတွင် ပြောင်းလဲခြင်းမှာ အသက်အားပင် ယူနိုင်သော်လည်း မိန်းမလှသွေးမှာ မူလတည်းကပင် ထူးခြားလှသည်မှာ ထင်ရှားနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now