အခန်း(၂၀၇)

89 14 0
                                    

အခန်း(၂၀၇)

အံ့အားသင့်ဖွယ်။ ကောင်းကင်တမျှ ကြီးကျယ်သော လျှို့ဝှက်ချက်။






Murong Wanru မှာ အရာအားလုံးအား ရင်ထဲမှ ထုတ်လိုက်သည်နှင့် ကျိုးကြောင်းဆီလျော်နိုင်မှု ပျောက်ဆုံးသွားတော့သည်။ သို့မဟုတ် သူမက ကြင်ယာတော်ကြီးYi အား သတ်ဖြတ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်မှစ၍ ပျောက်ဆုံးသွားခြင်း ဖြစ်နိုင်သည်။ သူမက ကြင်ယာတော်ကြီးYi မှ ကြောက်ရွံ့နေသည်အား မြင်လိုက်ရလျှင် ကြင်ယာတော်ကြီး Yi မှ မရှိခဲ့လျှင် သာမန်နာမည်မရှိသော နန်းတွင်းသူတစ်ယောက်သာ ဖြစ်သည်ဟုသော အချက်အားမေ့ထားသည်။ အကယ်၍ သူမက နန်းတော်မှ ထွက်ခွာလာရခြင်း မရှိလျှင် ထုံးတမ်းများအရ မင်းသမီး Changping မှ ကွယ်လွန်ချိန်တွင် အသက်ရှင်လျက် အတူတကွ မြှုပ်နှံခံရနိုင်သည်။ ယခုအချိန်တွင်မူ သူမ ​​အတွေးထဲတွင် ကြင်ယာတော်ကြီးYi မှ သူမအား မကူညီ မကာကွယ်ပေးပဲ ချင်ဝမ်၏ ကိုယ်လုပ်တော်အဖြစ် မထားရှိပေးကြောင်းများသာ ပြည့်နှက်နေသည်။

၎င်းမှာ ထမင်းတစ်​စေ့က ကျေးဇူးသိတတ်စေသော်လည်း ထမင်းတစ်ပွဲက ရန်သူဖြစ်စေသည်ဟုသော စကား၏ ဥပမာပင် ဖြစ်နိုင်လောက်သည်။

“ကျွန်မ ငယ်ငယ်တည်းက ရှင့်ရဲ့ ​အတွေးတွေကို ခေါင်းကွဲမတတ် ခန့်မှန်းရတယ်။ ကျွန်မက ရှင့်ကို အရိပ်အကဲ ကြည့်နေရပြီး ရှင်စိတ်မပျော်တဲ့ တစ်နေ့မှာ နန်းတော် ပြန်ပို့မှာ စိုးရိမ်နေရတယ်။ ဘာကြောင့်လဲ။"

“ကြင်ယာတော်ကြီးYi လွန်ခဲ့တဲ့ ခုနစ်နှစ်က ချင်ဝမ်ကို လက်ထပ်ရမယ်လို့ ရှင်ကသာ ကျွန်မကို အရင် ပြောခဲ့တာ။ အခု ရလဒ်ကျတော့ကော.. ရှင်က ကျွန်မကို အဲ့ဒီ အသုံးမကျတဲ့ Zhangsun Che နဲ့ လက်ထပ်ခိုင်းလိုက်တယ်။ Han Yunxi ကိုကျတော့ ဘာလို့ ဒီလောက်ကောင်းပေးနေရတာလဲ။ ကျွန်မက ရှင့်ရဲ့ သမီးအရင်းမဟုတ်ရင်တောင် ရှင့်ဘေးမှာ နှစ်ပေါင်းများစွာ စောင့်နေပေးခဲ့တယ်။ ကျွန်မက ဘာလို့ Han Yunxi တစ်ယောက်ကို မယှဉ်နိုင်ရတာလဲ။ ပြောလေ။"

Murong Wanru  မှာ ပြောဆိုနေရင်း ဒေါသထွက်လာလေလေဖြစ်သည်။ ကြင်ယာတော်ကြီး Yi မှာလည်း မျက်ရည်များ ကျဆင်းလာသည်။ သူမက လည်ပင်းတွင် အပ်များရှိနေသေးတောင်မှ Murong Wanru ၏ စွပ်စွဲချက်များအား ငြင်းဆန်ရန် ခေါင်းယမ်းလိုက်တော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now