အခန်း(၂၅၂)

85 15 0
                                    

အခန်း(၂၅၂)

အိမ်ထောင်သည်စုံတွဲမှ ချစ်ခင်နှစ်သက်မှု ပြသခြင်း။





Han Yunxi ၏ တစ်ကိုယ်လုံးမှ ပြင်းထန်သော အာဏာစက်အား ထုတ်လွှတ်နေပြီး ရှိနေသည့်လူများအား အံ့အားသင့်နေစေသည်။ အဖြူဝတ်အမျိုးသားမှာ ဖြည်းညင်းစွာ လက်သီးအား ဖြေလျော့လိုက်ကာ  Long Feiye အား တိုက်ခိုက်ရန် အကောင်းဆုံးအခွင့်အရေးအား လက်လွှတ်လိုက်ရင်း တစ်ဖက်တွင် တိတ်ဆိတ်စွာ ထိုင်ကာ စောင့်နေရန် ရွေးချယ်လိုက်သည်။ Han Yunxi ၏ အလုပ် လုပ်နေဟန်အား ကြည့်ရင်း သူ၏ အကြည့်များမှာ နူးညံ့သွားပြန်သည်။ သူက ထိုအမျိုးသမီးမှ အဆိပ်ဖြေနေသည့်အချိန်အား အမြဲတစေ သဘောကျနေခဲ့ပြီး ထိုမြင်ကွင်းအား မစွဲလမ်းပဲ မနေနိုင်ချေ။

Gu Qishao မှာလည်း မလှုပ်ရှားပဲ ကြည့်နေပြီး သူ၏ အမူအရာမှာ အနည်းငယ်တောင့်တင်းနေသည်။ သူက အခွင့်အရေးယူကာ ထွက်သွားခြင်း မပြုပဲ သူ၏ အတွေးများမှာ ပျံ့လွင့်နေဟန်တူသည်။ မြွေဟောက်အဆိပ်မှာ Han Yunxi အတွက် သာမာန်သာ ဖြစ်သော်လည်း Long Feiye မှာ များပြားလှသည့် အဆိပ်မြွေများမှ ကိုက်ခဲခံထားရသဖြင့် Han Yunxi မှ အချိန်မှီ မကုသနိုင်လျှင် Long Feiye မှာ အသက်အန္တရယ်ရှိနေဆဲ ဖြစ်သည်။ သူမက အရှိန်အမြန်ဆုံးဖြင့် Long Feiye ၏ ခြေထောက်မှ အဆိပ်အား ဖယ်ရှားကာ ချက်ချင်းပင် ဆေးအုံပေးလိုက်သည်။ သူမက ခေါင်းငုံ့ထားကာ ကြည့်နေရင်း သူမ လက်ချောင်းများမှ အဆက်မပြတ်ကျွမ်းကျင်သော လှုပ်ရှားမှုများမှာ တိကျကာ သက်ရောက်မှု ရှိလှသည်။ သူမ၏ အာရုံတစ်ခုလုံးမှာ အရေးပေါ် အခြေအနေတွင်ရှိနေပြီး ကောင်းကင်မှ ပြိုကျလာလျှင်တောင် ကမ္ဘာပေါ်ရှိ မည်သည့်ကိစ္စမဆို အရေးမပါတော့ သကဲ့သို့ပင်။

Han Yunxi မှာ သူမကိုယ်တိုင်၏ စိုးရိမ်မှုအား သတိမထားမိသကဲ့သို့ Long Feiye မှလည်း သူ၏ နက်မှောင်နက်ရှိုင်းသော မျက်လုံးများတွင် ပျော်ရွှင်မှုချည်ကြိုးများဖြင့် သူမအား တစ်ချိန်လုံး စိုက်ကြည့်နေကြောင်းအားလည်း မခံစားမိပေ။ သူက သူမနှင့် အလွန်နီးကပ်နေပြီး သူ၏ နဖူးမှာ သူမ၏ ဦးခေါင်းနှင့် ထိကပ်လုနီးပါးဖြစ်နေသည်။ ထိုကဲ့သို့ မြင်ကွင်းမှာ အေးစက် စိုစွတ်ကာ မှေးမိန်သော လိုဏ်ဂူထဲတွင် နှိုင်းယှဉ်၍ မရနိုင်အောင် နူးညံ့ ချိုမြိန်လှသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Opowieści tętniące życiem. Odkryj je teraz