အခန်း(၂၄၅)

97 15 1
                                    

အခန်း(၂၄၅)

နောက်ဆုံးမျှော်လင့်ချက်။






ညနှောင်းပိုင်း ကောင်းကင်ယံတွင် တောက်ပသော လရောင်မှာ ဆေးမြို့တော်အား ပိတ်ကျဲစကဲ့သို့ လွှမ်းခြုံထားသည်။ အရာအားလုံးနှင့် လူတိုင်းမှာ နှစ်ခြိုက်စွာ အိပ်စက်နေကြသည်။ ဆေးမြို့တော်မှာ ဆေးပညာသင်တန်းကျောင်းအား အလယ်ဗဟိုတွင် တည်ဆောက်ထားသည့် ရှစ်ထောင့်ရှိသည့် မြို့တစ်မြို့ဖြစ်သည်။ အနောက်တွင် ဆေးမြို့တော်၏ အကြီးမားဆုံးတောင်တန်းဖြစ်သည့် ကြာပွင့်တောင်တန်း ရှိနေသည်။ ထိုတောင်တန်းတွင် တောင်ထွဋ် ငါးခု ရှိနေကာ ကြာပွင့်နှင့် ဆင်တူလေသည်။ တောင်ထိပ်တစ်ခုစီတိုင်းမှာ မတ်စောက်လှပြီး ထိပ်သို့ သွားရောက်ရန် ကောင်းကင်မှ တွဲလောင်းချထားသကဲ့သို့ လမ်းကြောင်းတစ်ခုသာ ရှိသည်။ ကျောက်တုံးလှေကားထစ်များမှာ ကျဉ်းမြောင်းလှသဖြင့် တစ်ကြိမ်တွင် တစ်ယောက်သာ တက်ရောက်နိုင်လေသည်။

ဆေးဂိုဏ်းနှင့် အဆိပ်ဂိုဏ်းမှာ ယှဉ်တွဲတည်ရှိနေခဲ့ချိန်တွင် ဆေးပညာသင်တန်းကျောင်း၏ အရှေ့ဘက်မှာ ဆေးဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်ပြီး အနောက်ဘက်မှာ အဆိပ်ဂိုဏ်း၏ ပိုင်ဆိုင်မှုဖြစ်လေသည်။ ဤကြာပွင့်တောင်တန်းမှာ အဆိပ်ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်လေသည်။ ယခုအချိန်တွင် ဆေးပညာသင်တန်းကျောင်း၏ နယ်မြေအားလုံးမှာ ဆေးဂိုဏ်းမှ ပိုင်ဆိုင်ထားသော်လည်း ကြာပွင့်တောင်တန်းသို့ မည်သူမှ မဝင်ရောက်ဝံ့ပေ။ ၎င်းမှာ ဆေးပညာသင်တန်းကျောင်းမှ တားမြစ်နယ်မြေအဖြစ် ယူဆထားပြီး ရှေးလူကြီးများက အဆိပ်ဂိုဏ်း၏ တားမြစ်နယ်မြေဟု သီးသန့် ခေါ်ဆိုကြသည်။ ကောလဟာများတွင် ကြာပွင့်တောင်တန်းမှာ တစ်နှစ်ပတ်လုံး အဆိပ်ငွေ့များ ထုတ်လွှတ်နေကာ ကျေးငှက်သားရဲများနှင့် အပင်များပင် သေဆုံးသွားနိုင်သည် ဆိုကြသည်။ ၎င်းမှာ သေခြင်းတရားမှ ပိုင်စိုးသော နေရာ ဖြစ်လေသည်။

ကောလဟာလများတွင်  ကြာပွင့်တောင်တန်း၌ မတရားသဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသော အဆိပ်ဂိုဏ်းသားများ၏ ဝိညာဉ်များရှိကာ ညစဉ်ညတိုင်း ငိုကြွေးမြည်တမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေသည်ဟု ဆိုကြပြန်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now