အခန်း(၃၆၁)

69 12 2
                                    

အခန်း(၃၆၁)

ရလဒ်က အသီး သီးလာပြီ။





အသက်နဲ့ ကာကွယ်ပေးမယ်...

Han Yunxi မှာ ခဏကြာ ပြောစရာစကားများ ပျောက်ဆုံးသွားတော့သည်။ Gu Beiyue မှာ သူ၏ ပြင်းထန်သော ကတိကြားမှ အလွန်နွေးထွေးကာ ညင်သာစွာ ပြုံးနေဆဲဖြစ်သည်။ သူက ပြောသမျှမှာ သူမအတွက် ရက်စက်ဟန်တူပြီး ၎င်း၏ အလေးချိန်အား အတွေးများနေစဉ် Zhao မားမား၏ ရယ်မောသံမှာ သူမ၏ အတွေးများအား ဖြတ်တောက်လိုက်သည်။

"တော်ဝင်သမားတော်ကု မင်းရဲ့ စကားတွေက နည်းနည်းလောက် လေးလံလွန်း မနေဘူးလား။ ငါတို့က အသေးလေးကို မင်းဆီမှာ ယာယီစောင့်ရှောက်ပေးဖို့ အပ်ထားတာပဲဟာ.. အရှင့်သားနဲ့ လေးစားရတဲ့ဝမ်ဖေး ပြန်လာရင် အသေးလေးက ပြန်လာရမှာပဲလေ။" အမှန်တွင် Zhao မားမားမှာလည်း ထိုသတ္တဝါလေးနှင့် ခွဲရန် ဝန်လေးနေသည်။

Gu Beiyue ၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှုစွာ ပြုံးလိုက်ပြီးနောက် မှတ်ချက်ပေးလိုက်သည်။ "လေးစားရတဲ့ဝမ်ဖေးနဲ့ အသေးလေးတို့က ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာမလို့ ကျွန်တော့် အသက်ကို သူတို့ ပိုင်ပါတယ်။"

ဆိုတော့ အဲ့ဒီလိုပေါ့။ Han Yunxi မှာ ထိုကဲ့သို့ လေးလံသော ခေါင်းစဉ်များအား သဘောမကျပေ။ အကယ်၍ သူမက စေ့စပ်စွာ ပြန်တွေးလိုက်လျှင် Gu Beiyue ၏ ပြင်းထန်လှသည့် ဒဏ်ရာများအားလုံးမှာ အမှန်တကယ်ပင် သူမ၏ အမှားဖြစ်သည်။ "ကောင်းပြီ.. ရှင့်ရဲ့ ကျိန်ဆိုတဲ့ ကိစ္စကို ဘေးဖယ်ထားလိုက်တော့။ အသေးလေးကိုသာ ကောင်းကောင်း ဂရုစိုက်ထားပေး။ ကျွန်မ ပြန်လာမှ ရှင့်ကို လာရှာမယ်။" Han Yunxi မှာ အလေးအနက် ပြောလိုက်သည်။

Gu Beiyue မှာ ခေါင်းငြိမ့်ကာ အလေးအနက်ထား လိုက်သည်။ "လေးစားရတဲ့ဝမ်ဖေး ကျွန်တော်က ဝမ်ဖေးအတွက် ကပ်ရောဂါ ကာကွယ်ဖို့ ဆေးညွှန်းကို ဘာလို့ မရေးပေးနိုင်ရမှာလဲ။ ဝမ်ဖေးက ဘေးသင့်ဒေသတွေ ရောက်တဲ့အခါ အသုံးဝင်နိုင်ပါတယ်။"

Han Yunxi ရဲ့ ဆေးပညာစွမ်းရည်က လိုအပ်နေသေးတယ်လို့ သူက ပြောင်ပြောင်တင်းတင်း ပြောနေတာလား။ ကောင်းပြီ.. Han Yunxi မှာ အဆိပ်ရှိသော ပုလိပ်ရောဂါများမှလွဲ၍ အခြားပုလိပ်ရောဂါများအား ကုသရန် ခက်ခဲသည်မှာ အမှန်ပင်ဖြစ်သည်။ တော်ဝင်သမားမားခြံဝန်းမှ တခြားသမားတော်များပင် Gu Beiyue အား မယှဉ်နိုင်ပေ။ သူမက သူ၏ ဆေးညွှန်းအတိုင်း ပြည့်စုံစွာ ပြင်ဆင်သွားသင့်သည်။ အဆုံးတွင် ကပ်ရောဂါမှာ ကျယ်ပြန့်စွာ ဖြစ်ပွားတတ်သော ကူးစက်ရောဂါဖြစ်သည်။ အငတ်ဘေးသင့်သည့် ဒေသများတွင် သဘာဝကျစွာပင် ဒဏ်ရာအနာတရ ရှိသူများနှင့် အလောင်းများ ရှိနေနိုင်သည်။ ထိုအရေအတွက်မှာ များပြားလာလျှင် ပုလိပ်ရောဂါ ဖြစ်ပွားကာ အခြားသူများအား ကူးစက်နိုင်သည်။ ဘေးအန္တရယ်ကျခြင်းများ၊ အငတ်ဘေးများ သို့မဟုတ် စစ်ပွဲများမှာ ပုလိပ်ရောဂါမှ နိုးထလာခြင်းလောက် ကြောက်မက်ဖွယ် မကောင်းနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now