အခန်း(၃၃၈)

64 14 0
                                    

အခန်း(၃၃၈)

အိပ်မက်ဆိုး၏ ထွက်ပေါ်လာမှု ပုံစံ။







မယ်တော်ကြီးမှာ အနီရောင် အဝတ်အား ဖယ်ရှားလိုက်သည်နှင့် သူမက ပန်းကန်ပေါ်တွင် အလွန်အမင်း လိုအပ်နေခဲ့သော ဆေးယပ်တောင်အား တွေ့လိုက်ရသည်။

၎င်းမှာ ဘဲဥပုံစံ ယပ်တောင်ဖြစ်ကာ မျက်နှာပြင်မှာ အလွန်ကောင်းမွန်ကာ သပ်ရပ် သန့်ရှင်းသော အဖြူရောင် ပိုးထည်ဖြင့် ပြုလုပ်ထားသည်။ ဆေးယပ်တောင်မှ မည်သည့်အစိတ်အပိုင်းမဆို ကံကောင်းမှု ဖြစ်သော်လည်း ၎င်း၏ မျက်နှာပြင် နှစ်ဖက်တွင် ထိုးထားသော နံ့သာမြက်နှင့် ခရမ်းရောင်လီလီအား မည်သည့်အရာကမှ မယှဉ်နိုင်ပေ။ နံ့သာမြက်မှာ အိပ်မပျော်နိုင်ခြင်းအား ကုသရန်အတွက် အာနိသင် အကောင်းဆုံး ဆေးဝါးဖြစ်ကာ ခရမ်းရောင်လီလီမှာ စိတ်ရွှင်လန်းစေသည်။ အပြင်းထန်ဆုံး အိပ်မပျော်သော ဝေဒနာပင် ဆေးယပ်တောင် တစ်ချက်ခတ်ရုံဖြင့် ကုသနိုင်သည်။ အရေးအကြီးဆုံးမှာ ၎င်းမှာ အသုံးပြုရ လွယ်ကူကာ ဘေးထွက်ဆိုးကျိုး မရှိပေ။

၎င်း၏ တန်ဖိုးမှာ ဆေးဝါးများ သို့မဟုတ် အပ်စိုက်ကုထုံးများဖြင့် နှိုင်းယှဉ်၍ မဖြစ်နိုင်ပေ။ မယ်တော်ကြီးမှာ ယပ်တောင်အား အလွန်အမင်း ဝမ်းသာနေကာ သတိလက်လွတ်ဖြင့် လက်ထဲတွင် ကိုင်ရန် ပြင်လိုက်သည်။ သို့တိုင် Han Yunxi မှာ ယပ်တောင်အား အရင် ကောက်ယူလိုက်သည်။ သူမက ယပ်တောင်အား ခတ်ကာ ပြောလိုက်သည်။

“လေးစားရတဲ့မယ်တော်ကြီး ဒါကို သတိပြုမိပါလား။"

“သေချာတာပေါ့။" မယ်တော်ကြီးမှာ အလွန်သေချာနေသည်။ သူမ၏ လည်ပင်းမှာ ရုတ်တရက် ယားယံလာသော်လည်း မျက်လုံးများမှာ ဆေးယပ်တောင်၏ မြင်ကွင်းမှ မဖယ်ရှားနိုင်ပေ။ ၎င်းမှာ သာမာန် ယားယံမှုများဖြင့် ခြားနားခြင်း မရှိပဲ သူမက ကုတ်လိုက်ပြီးနောက် လျစ်လျူရှုထားလိုက်သည်။

“လေးစားရတဲ့မယ်တော်ကြီး Gu Beiyue ရဲ့ အဘိုးက ဒီဆေးယပ်တောင်ကို ဆေးညွှန်းပေးဖူးတယ်မလား။" Han Yunxi မှာ ထပ်မံ၍ မေးလိုက်သည်။

သူမက ထိုမေးခွန်းအား အရင်တစ်ကြိမ်က မေးခဲ့ပြီး ဖြစ်သောကြောင့်  မယ်တော်ကြီးမှာ ရိုးရှင်းစွာပင် ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်.. ဒီယပ်တောင်ပဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now