အခန်း(၃၇၅)
ဘယ်သူက ပိုပြီး ရက်စက်လဲ။
မှောင်ခိုဈေးသို့ မည်သူ့အား စေလွှတ်ရန် ဆုံးဖြတ်ရမည်မှာ ခေါင်းကိုက်စရာ ဖြစ်လေသည်။ မှောင်ခိုဈေးရှိ ဆိုင်ရှင် Lin နှင့် လက်အောက်ငယ်သားများမှာ သူ့တွင် စပါး အမှန်တကယ် မည်မျှ ရှိနေကြောင်း မသိထားကြပေ။ ထိုသူများမှာ သူက အထက်အရာရှိမှန်း ခန့်မှန်းထားနိုင်သော်လည်း တိကျသော သက်သေ တစ်ခုတစ်လေပင် မရှိချေ။ သူက စာများနှင့် ငွေများအတွက် လျှို့ဝှက်ပို့ဆောင်ပေးသူအားသာ သတိပြုကြပြီး သူ၏ အိမ်တော်မှ တစ်ယောက်ကိုမှ သတိမပြုမိပေ။ သူက စေလွှတ်ရမည့်သူမှာ တော်ဝင်ဦးလေးအိမ်တော်မှ စပါးသိုလှောင်မှုအား စေ့စပ်စွာ နားလည်ထားကာ သူ၏ နေရာတွင် ဆုံးဖြတ်ချက်ချပေးနိုင်သူ ဖြစ်ရမည်။ နောက်ထပ်စာများမှာ သူ့ထံသို့ အချိန်မှီ ရောက်မလာနိုင်ပေ။
ယနေ့ညမှာ နောက်ဆုံး သတ်မှတ်ချက် ဖြစ်သည်။ သူက ငွေသားများအား ယနေ့ နောက်ဆုံးထား၍ လိုအပ်သည်။ ယမန့်နေ့က အကောက်ခွန်ဝန်ကြီးဌာနမှာ လူလွှတ်ကာ သူ့အား ထပ်မံ၍ လောဆော်နေခဲ့သည်။ ထိုစဉ် သူ၏ အတိုးကြီး ချေးငွေမှ အတိုးမှာလည်း အတော်လေး တက်လာနေသည်။ တော်ဝင်ဦးလေးမှာ ဦးနှောက်ပျက်မတတ် စဉ်းစားပြီးနောက် ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခုအား ချမှတ်လိုက်သည်။
ကောင်းကင်နယ်ပယ်မှောင်ခိုဈေးတွင် Chu Xifeng မှာ ဒုတိယနေ့ည အရောင်းပွဲမှ ပိုးဘောလုံးအား အောင်မြင်စွာ လုယူလာနိုင်သည်။ မနက်တွင် Wu Shu ၏ ဆန်ဆိုင်တွင် တတိယအရောင်းပွဲအတွက် နောက်ထပ် စပါး ၁၀,၀၀၀ ဒန် သယ်ထုတ်နေရင်း အလုပ်များနေသည်။ ၎င်းမှာ နောက်ဆုံး အခွင့်အရေး ဖြစ်သဖြင့် မည်သူမှ လက်မလွတ်ချင်ကြပေ။ ဆိုင်အပြင်ရှိ လူအုပ်မှာ ပထမနှစ်ရက်ထက် အရေအတွက်ပို၍ များပြားကာ ယခင်က မျက်နှာပြလာခြင်း မရှိသော ကုန်သည်များပင် ပါဝင်နေသည်။ မှောင်ခိုဈေးရှိ လူတိုင်းမှာ အရောင်းပွဲတွင် အာရုံရောက်နေစဉ် Lin မျိုးနွယ် ဆိုင်မှာ မှောင်ခို ဈေးကွက်သမိုင်းတွင် အကြီးမားဆုံး စပါး ရောင်းချမှုအား ပြင်ဆင်နေမှန်း မည်သူမှ မသိပေ။