အခန်း(၃၉၀)

51 9 0
                                    

အခန်း(၃၉၀)

အဖြူဝတ်အမျိုးသားက လက်ဖက်ရည်သောက်ဖို့ ရောက်လာတယ်။






ဆူညံသော တံခါးဖွင့်သံမှာ အတွင်းခြံဝန်းတွင် ပျံ့နှံ့သွားပြီး ငှက်များအား အလန့်တကြား ပျံသန်းသွားစေသည်။ Long Feiye မှာ နောက်ရှိ တံခါးအား ပိတ်လိုက်ပြီး Chu Xifeng မှ ရောက်လာချိန်တွင် သော့ခတ်ထားသည်။ သူက ရောက်လာချိန်တွင် အစောင့်အချို့မှာ ထွက်လာကြသည်။

“ခေါင်းဆောင် အရှင့်သားက ဘာလို့ ကိုယ်တိုင်ရောက်လာတာလဲ။”

“ခေါင်းဆောင် ဒီမှာ ပိတ်ထားခံရတာ ဘယ်လို လူမျိုးလဲ။ ကျွန်တော်တို့က ဒီလောက် လျှို့ဝှက်တာကို တစ်ခါမှ မလုပ်ဖူးဘူး။ လူမဟုတ်တာများ … ဖြစ်နေလား။"

“ခေါင်းဆောင် စိတ်ထဲရှိတာ ပြောရရင် ကျွန်တော်တို့ ညီအစ်ကိုတွေက ခေါင်းဆောင်နောက်လိုက်လာတာကြာပြီ ကျွန်တော်တို့ကို တစ်ချိန်လုံး မယုံခဲ့ဘူးလား။ နံပတ်လေးလီ သိတာကို ကျွန်တော်တို့ကို ဘာလို့ မပြောတာလဲ။"

Chu Xifeng မှာ အစောင့်များ၏ အတွန့်တက်မှုများအား ယခုအချိန်အထိ နေသားကျနေပြီ ဖြစ်သော်လည်း နောက်ဆုံးစာကြောင်းမှာ သူ့အား မျက်မှောင်ကျုတ်စေသည်။ သူက အေးစက်စွာ ဖြေပေးလိုက်သည်။ “ယုံကြည်မှု… မင်းတို့တွေထဲက တစ်ယောက်ယောက်ရဲ့ ပါးစပ်က သေလူထက်ပိုပြီး ယုံကြည်ရပါ့မလား။”

သူ၏ စကားများကြောင့် လူတိုင်းမှာ တိတ်ဆိတ်သွားကြသည်။ လူသေတစ်ယောက်၏ ပါးစပ်မှာ အမှန်တကယ် အယုံကြည်ရဆုံးပင်။ သံသယဝင်မလိုဘူး။ လီနံပတ်လေးက အချိန်အကြာကြီး အသက်ရှင်ရတော့မှာ မဟုတ်ဘူး။

“ငါတောင် အရှင့်သားရဲ့ ကိစ္စကို မမေးနိုင်တာ မင်းတို့ဆို ပြောမနေနဲ့တော့။ ဆင်ခြင်နေကြ။" Chu Xifeng မှာ ပြောလိုက်ပြီး ခြံဝန်းနံရံပေါ်သို့ ခုန်တက်ကာ စောင့်ကြပ်နေသည်။

ပိတ်ထားသည့် ခြံဝန်းထဲတွင် ငှက်များပျံသန်းသွားသည့် အသံမှလွဲ၍ အရာအားလုံးမှာ တိတ်ဆိတ်နေသည်။ သို့သော် မည်သည့်အသံမှ မကြားနိုင်သော အမျိုးသမီးကြီးအတွက်မူ မထူးခြားပေ။ သူမက နံရံဘေးတွင် ရပ်နေကာ လက်ထဲတွင် ချွန်မြနေသော ကျောက်တုံးများအား ဆုတ်ကိုင်ထားကာ မျက်နှာပြင်အား ရူးသွပ်စွာ ပွတ်တိုက်နေသည်။ ကံမကောင်းစွာဖြင့် သူမ၏ အင်အားမှာ ခြစ်ရာထင်ရန်ပင် ကန့်သတ်ချက်ရှိနေသည်။ သူမ၏ အာရုံကြောများမှာ တောင့်တင်းနေပြီး မျက်နှာမှာ အလေးအနက် ဖြစ်နေသည်။ သူမက အံကြိတ်ထားကာ နွားတစ်ကောင်နှင့် တူလှသည်။ Long Feiye မှာ သူမနောက်တွင် ရပ်နေသော်လည်း သူကရှိနေမှန်း မသိသေးပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now