အခန်း(၂၆၂)
ကမ်းလှမ်းမှုအား ငြင်းပယ်ခြင်း မရှိလက်ခံခြင်း။
Han Yunxi မှာ သူမ၏ စိုက်အပ်များရှာဖွေရန် အလျင်လိုနေစဉ် ရှဥ့်ဖြူလေးမှာ အဖြူဝတ်အမျိုးသား၏ ကိုယ်ပေါ်သို့ ခုန်တက်လာလိုက်လျှင် အံ့အားသင့်သွားသည်။ ဘာလို့ ဒီဘာမှန်းမသိတဲ့ သတ္တဝါလေးက သူတို့ကို မှီလာပြန်တာလဲ။
အဲ့တာ ဘာလုပ်ချင်တာလဲ။
ရှဥ့်ဖြူလေးမှာ သဘောကျသည့် မျက်လုံးများဖြင့် ကြည့်နေပြီး လက်သေးသေးများမှာ အတူတကွ ဆုတ်ထားသည်။ သူက သူမအား တောင်းဆိုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ အမြီးလေးအား လှုပ်ယမ်းနေသည်။ ထိုသတ္တဝါလေးမှာ သူမအား ရင်းနှီးနေဟန်ရှိသည်။ သို့တိုင် သူမက အသက်ကယ်ရန် အာရုံစိုက်နေပြီး သူ့အား စိတ်ထဲမထားနိုင်ပေ။ ရှဥ့်ဖြူလေးမှာ အဖြူဝတ်အမျိုးသားအား ထိခိုက်စေမည့်အစား သူ၏ကိုယ်ပေါ်တွင် ရပ်နေသည်အား သေချာပြီးနောက် Han Yunxi မှာ ခေါင်းငုံ့ကာ စိုက်အပ်များ ရှာဖွေနေပြန်သည်။ ရှဥ့်ဖြူလေးမှာ ရှုပ်ပွနေသော အပ်ပုံကြီးအား စိုက်ကြည့်နေသည်။ ထို့နောက် အဖြူဝတ်အမျိုးသား ကြည့်လိုက်ပြီးနောက် မီးခိုးတန်းကဲ့သို့ ပြေးသွားတော့သည်။
“ထူးဆန်းတယ်….” Han Yunxi မှာ ကြည့်လိုက်သည်။ ကောင်းပြီလေ.. သူ အဆင်ပြေသလို လုပ်ပါစေ။
Han Yunxi မှာ သူမ၏ အပ်များအား ဆက်လက်ရှာဖွေနေလိုက်သည်။ ကံကောင်းစွာဖြင့် သူမ၏ စိတ်အခြေအနေမှာ လျင်မြန်စွာ တိုးတက်လာပြီး နှောင့်နေးမနေတော့ပေ။ ပထမဆုံး သူမက အဖြူဝတ်အမျိုးသား၏ သွေးပြန်ကြောများအား ကာကွယ်လိုက်ပြီး အရေးပါသော အစိတ်အပိုင်းများအား ထိန်းသိမ်းလိုက်သည်။ လုပ်ဆောင်ချက်တစ်ခုလုံးမှာ ပြီးဆုံးရန် သူမအတွက် အချိန်နှစ်နာရီ ယူရလေသည်။ ဆရာဝန်တစ်ယောက်၏ အကျင့်အရ နေရာတွင်ပင် ဒဏ်ရာကုသနိုင်သည့် ပစ္စည်းများနှင့် အရေးပေါ်ဆေးဝါးများအား သူမနှင့် အမြဲတစေ ဆောင်ထားတတ်လေသည်။ သူမက အချိန်အတော်ကြာ တန်ဖိုးထားသိမ်းဆည်းထားသည့် နှလုံးသွေးဆေးအားပင် ထုတ်ယူလိုက်သည်။ ၎င်းမှာ သူမကိုယ်တိုင်အတွက်ပင် အသုံးပြုလိုခြင်း မရှိသော်လည်း ယခုအချိန်တွင် တွေဝေနေခြင်း မရှိပဲထုတ်ယူလိုက်သည်။