အခန်း(၂၇၅)
အပိုနည်းနည်းလေး။
Gu Qishao မှ လမ်းပြပေးသဖြင့် သူတို့က ကြာပွင့်တောင်တန်း၏ အဓိကတောင်ထွဋ်၏ တစ်ဝက်သို့ နေ့တစ်ဝက်ဖြင့်သာ ရောက်သွားသည်။ အပူချိန်နိမ့်ကျမှုမှာ အပင်များ ပျံ့နှံ့ရန် သက်ရောက်မှုရှိပြီး အမြင့်ရောက်သည်နှင့် သိသာစွာ ကျဲပါးလာသည်။ သို့တိုင် ဤသည်မှာ Han Yunxi မှ ဤမျှများပြားလှသော ပျံ့နှံ့မှုအား ပထမဆုံးအကြိမ်အဖြစ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ကြာပွင့်တောင်တန်း အဓိကတောင်ထွဋ်၏ တစ်ဝက်တွင် အသီးရွက်ပင်များ၏ အရိပ်အယောင်ပင် မရှိပေ။ ထိုနေရာတွင် ကြမ်းတမ်းသော မြောင်တစ်ခုသာ ရှိပြီး ခြေသုံးလှမ်းစာလောက်သာ ကျယ်ဝန်းကာ တောင်တစ်တောင်လုံးအား ပတ်ထားသည်။ ထိုမြောင်၏ အောက်တွင် အပင်များမှာ ထူထပ်စွာ ပေါက်ရောက်နေသည်။ ထိုစဉ် ထိုမြောင်၏ အပေါ်တွင် သစ်ပင်များ ထူထပ်စွာ ရှိနေသည့် တောအုပ်က ဖုံးလွှမ်းထားသည်။ မရေမတွက်နိုင်သော သစ်ပင်များမှာ ညောင်ကိုင်းများကဲ့သို့ တွဲကျနေပြီး တောင်တန်းတစ်ခုလုံးအား ထူထပ်သော စပျစ်နွယ်များမှာ စိမ်းလန်းသော မြက်ခင်းပြင်ကဲ့သို့ ဖုံးလွှမ်းထားသည်။ ပန်းများမှာလည်း မတူညီသော အရောင် ငါးရောင် သို့မဟုတ် ခြောက်ရောင်ဖြင့် ပွင့်လန်းနေသည်။ ထိုတစ်ဝက်မှစ၍ တောင်ထွဋ်မှာ ထူထပ်သော သစ်တောဖြစ်နေသည်။
Han Yunxi မှာ မထိန်းချုပ်နိုင်ပဲ မှင်သက်နေသည်။ သူမ၏ အဆိပ်ဖြေစနစ်တွင် သိုလှောင်ရန်နေရာ မည်မျှ ရှိနေသည်အား မသိသော်လည်း ဤတောင်တန်းတွင် ရှိနေသည့်အပင်များမှာ အဆိပ်ဖြေစနစ်တွင် ဆန့်မည်မဟုတ်ကြောင်း ယုံကြည်နိုင်သည်။ တစ်ချိန်တည်းမှာပင် သူမက အသေးလေးမှာလည်း မည်မျှစားနိုင်ကြောင်း မသိပေ။ သို့တိုင် ဤတောင်တန်းမှာ သူ့အား ဗိုက်ဝသည်အထိ စားနိုင်မည်ဖြစ်ကြောင်း သေချာသည်။ သူမက ဤနေရာအား သတိရမည့်သည့်အတွက် အလွန်ကျေးဇူးတင်မိသည်။ မဟုတ်လျှင် သူမက အသေအချာပင် မွဲပြာကျသွားတော့မည်။
Long Feiye မှာ အဆိပ်အကြောင်းအား လုံးဝပင် မသိထား၍ သူမ မပါပဲ လာနိုင်လိမ့်မည် မဟုတ်ပေ။ သူ၏ အစောင့်များမှာ ထွက်ခွာသွားပြီ ဖြစ်သည်။ Han Yunxi မှာ ဆေးအိတ်လေးအား ပုတ်လိုက်ပြီး အသေးလေးအား ထွက်လာရန် အချက်ပြလိုက်သည်။ သူက ဤနေရာတွင် စိတ်တိုင်းကျ စားသောက်နိုင်သည်။ ထိုအစား သူမက ခြေထောက်တွင် ယားယံမှုအား ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်လျှင် အသေးလေးမှာ သူမအား စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြနေသည်။ Gu Qishao မှာသာ ရှိမနေလျှင် အသေးလေးမှာ ပျော်ရွှင်စွာ အော်ဟစ်မိလိမ့်မည်။ သူ၏ သခင်ဖြစ်သူမှာ သူ့အား ဤနေရာသို့ ခေါ်လာမည်ဟု မထင်မှတ်ထားပေ။