အခန်း(၂၉၅)
မင်းရဲ့အရှင်က မင်းရှိရင် လုံလောက်ပြီ။
သူမက အချိန်ကြာမြင့်စွာ တိတ်တဆိတ် နှစ်သက်ခဲ့သည့် သူတစ်ယောက်မှ ရုတ်တရက် သူ၏ အပြုအမူများအတွက် သူမအား ရှင်းပြလာသည်။ ဤသည်မှာ ကြည်နူးစရာကောင်းသော အံ့အားသင့်စရာပင်။
Han Yunxi မှာ ချစ်ဝံ့ မုန်းဝံ့သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမ၏ စိတ်လှုပ်ရှားမှု သို့မဟုတ် ပျော်ရွှင်မှုအား ဖုံးကွယ်ထားခြင်း မရှိသောကြောင့် ထိုအချိန်တွင် သူမက မည်မျှ အရူးလေးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေမှန်း မသိပေ။ သူ၏ ရှင်းပြချက်တစ်ခုဖြင့်ပင် တစ်လောကလုံးမှ ပွင့်လင်းလာသကဲ့သို့ ခံစားရသည်အထိ သူမက ဤအမျိုးသားအား မည်မျှ နှစ်သက်ခဲ့ပါသနည်း။
Long Feiye မှာ အကြည့်လွှဲလိုက်သော်လည်း မထိန်းချုပ်နိုင်ပဲ သူမအား နောက်တစ်ကြိမ် ကြည့်မိပြန်သည်။ Han Yunxi မှာ ထိုအချိန်အား အခွင့်အရေးယူကာ ကျီစယ်လိုက်သည်။ “ရှင် ဟုတ်လား မဟုတ်ဘူးလား။”
သူ့အား နှစ်ကြိမ်တိုင် မေးခွန်းထုတ်ပြီးနောက်မှာပင် Long Feiye မှာ အဖြေမပေးသေးပေ။ သူက သူမမှ သူ့အား စိုက်မကြည့်နိုင်တော့စေရန် ရိုးရှင်းစွာပင် နောက်တစ်ကြိမ် သူမ၏ ဦးခေါင်းလေးအား ရင်ခွင်ထဲသို့ နစ်မြှုပ်လိုက်သည်။ သူမ၏ အကြည့်များမှ လွတ်မြောက်သွားသည်နှင့် နောက်ဆုံးတွင် သူက ဂရုထားမှုများအား ပစ်ပယ်ပြီးနောက် ပျော်ရွှင်မှုအား ရှာတွေ့သွားသကဲ့သို့ နှုတ်ခမ်းများမှာ တိတ်ဆိတ်စွာ ပြုံးသွားသည်။ Han Yunxi မှာ သူ၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ထွေးပိုက်ထားခံရသဖြင့် မရုန်းကန်နိုင်တော့ပေ။ အဆုံးတွင် သူမက လက်လျော့လိုက်တော့သည်။ ထိုကဲ့သို့ ရေခဲတမျှ ငရဲဘုရင်အား ကျီစယ်ရန် မလွယ်ကူလှပေ။ သူက သူမအား ရှင်းပြလာသည်အားပင် အံ့အားသင့်နေပြီ ဖြစ်သည်။ အကယ်၍ သူမကသာ မရပ်တန့်ပဲ လွန်သွားခဲ့လျှင် သူက မည်ကဲ့သို့ တုံ့ပြန်လာမည်အား ကောင်းကင်ကသာ သိနိုင်သည်။
အဆုံးတွင် သူမက လိုချင်သမျှမှာ သူ၏ ရှင်းပြပေးမှုသာ ဖြစ်သည်။