အခန်း(၃၃၅)

72 15 0
                                    

အခန်း(၃၃၅)

ဒေါသထွက်ရသည်အထိ စိတ်ဖိစီးရခြင်း။




Han Yunxi မှာ အိမ်တွင်သာ မိန်းမလှသွေးအား လေ့လာရင်း အချိန်ကုန် နေခဲ့သည်။ သို့သော် ယနေ့တွင် တော်ဝင်သမားတော် Chen မှာ ရုတ်တရက် တွေ့ခွင့်တောင်းလာကာ Gu Beiyue မှာ မယ်တော်ကြီး၏ အိပ်မပျော်နိုင်သော ရောဂါအား မကုသနိုင်ခြင်းကြောင့် သူမ၏ ကောင်းကင်နှင့်ကမ္ဘာမြေ နန်းဆောင်ရှေ့တွင် သုံးရက်သုံးညလုံး ဒူးထောက်နေရသည်ဟု ဆိုလာခဲ့သည်။

Han Yunxi မှာ သတင်းကြောင့် စိတ်မချမ်းမသာ ဖြစ်သွားတော့သည်။ သူမက နန်းတော်သို့ ချက်ချင်းပြေးသွားချင်စိတ်အား အတော်လေး ထိန်းချုပ်ထားရသည်။ အဆုံးတွင် ပြီးခဲ့သည့် သုံးရက်အတွင်း မိုးအဆက်မပြတ်ရွာနေခဲ့သည်။ ရာသီဥတုမှာလည်း ဆောင်းဝင်စ ဖြစ်သည်။ မိုးက မည်မျှ အေးနိုင်သည်အား ဘေးဖယ်ထားလိုက်လျှင်ပင် ကောင်းကင်နှင့်ကမ္ဘာမြေ နန်းဆောင်၏ ရှေ့ရှိ ကြမ်းပြင်မှာ အဖြူရောင် ကျောင်စိမ်းများခင်းထားခြင်းဖြစ်သည်။ ထိုကဲ့သို့ မျက်နှာပြင်ပေါ်တွင် မည်သူ၏ ဒူးမှ ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။ ယခုအချိန်တွင် အားနည်းကာ နာတာရှည်ရောဂါရှိသည့် Gu Beiyue မှာ မည်သို့ ဖြစ်နေနိုင်ကြောင်း စိတ်ကူး၍ပင် မကြည့်နိုင်ပေ။

“အိပ်မပျော်တဲ့ ရောဂါ..” Han Yunxi ၏ မျက်လုံးများမှာ အန္တရယ်များလှသည့် အမူအရာဖြင့် ကျဉ်းမြောင်းသွားသည်။ မယ်တော်ကြီးမှာ သူမအား ရည်ရွယ်​​နေမှန်း သူမက သိနေသည်--- သို့မဟုတ် အတိအကျ ဆိုရလျှင် သူမ၏ လက်ထဲရှိ ဆေးယပ်တောင်ပင်။ သူမအား တိုက်ရိုက်မေးမည့်အစား Gu Beiyue အား အသုံးချကာ ရင်ဆိုင်ချင်နေသည်။ ဘယ်လောက်တောင် မုန်းဖို့ကောင်းလဲ။ ထို့အပြင် ထိုအမျိုးသမီးကြီးမှာ သူ့အား သုံးရက်သုံးညလုံး ဒူးထောက်ထားစေရုံသာမက အမှန်တကယ် လူလွှတ်ကာ ပြောနေသည်။

Han Yunxi မှာ တွေးမိလေ ဒေါသထွက်လာလေဖြစ်ကာ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်အား လွှင့်ပစ်လိုက်တော့သည်။ ၎င်းမှာ တော်ဝင်သမားတော် Chen၏ ခြေထောက်နှင့် တိုက်မိကာ မြေပြင်တွင် ကွဲသွားတော့သည်။ သို့တိုင် ထိုအမျိုးသားမှာ ပျက်စီးစေသော လမ်းကြောင်းအား ဆက်လျှောက်နေဆဲဖြစ်သည်။ သူက စိုးရိန်ပူပန်နေဟန်ဖြင့် ပြောလာပြန်သည်။ “လေးစားရတဲ့ဝမ်ဖေး ကျေးဇူးပြုပြီး စိတ်ထိန်းပါ။ ကျေးဇူးပြုပြီး စိတ်ထိန်းပါ။ လေးစားရတဲ့ဝမ်ဖေး ဒီအရာရှိက ဝမ်ဖေးကို သတင်းပေးဖို့ ထွက်လာရတာပါ။ ဝမ်ဖေးက တော်ဝင်သမားတော်Gu ကို ကယ်ဖို့ နည်းလမ်း ရှာရပါမယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now