အခန်း(၂၉၃)

90 19 0
                                    

အခန်း(၂၉၃)

မင်းလာမှာလား ဒါမှမဟုတ် မင်းရဲ့အရှင်က လာရမလား။




Mu Linger မှာ Gu Qishao အား ရောင်းထုတ်လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ Mu  Yingdong မှ Mu Linger အား အသုံးချနေခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ Mu Yingdong မှာ ဤနေရာတွင် အချိန်ကြာမြင့်စွာကပင် ကင်းပုန်းချထားခဲ့သည်။

“ချင်ဝမ်ဖေး မင်းနဲ့ Mu Xin ရဲ့ ဆက်ဆံရေးဘာလဲ။" Mu Yingdong မှာ အဓိကအချက်အား တည့်မတ်စွာ မေးခွန်းထုတ်လိုက်သည်။ Gu Qishao ကြောင့်သာမဟုတ်လျှင် သူကော ဆွံ့အအဘွားအိုကောမှာ Han Yunxi ၏ ဆေးအိတ်လေးပေါ်ရှိ Xinဆိုသော ချည်ထိုးအား သတိပြုမိမည် မဟုတ်ပေ။

Han Yunxi မှာ အိမ်ထဲတွင် သခင်မ Tianxin နှင့် ပတ်သက်သော အကြောင်းအရာများစွာအား ပြောဆိုခဲ့ခြင်း မပြုမိသည့်အတွက် ဝမ်းသာသွားသည်။ သူမက အေးစက်စွာ ပြန်ဖြေလိုက်သည်။ “အဲ့တာက ရှင်နဲ့ ဘာမှမဆိုင်ဘူး။"

Mu Yingdong ၏ အမူအရာမှာ မည်းမှောင်သွားတော့သည်။ “Han Yunxi ဒါက Tianning မဟုတ်ဘူး။ အသက်ကယ်နိုင်တဲ့ ကမ်းလှမ်းချက်ကို ငြင်းမနေနဲ့။"

“ရှင်က ယောက်ျားတစ်ယောက်ကော ဟုတ်သေးရဲ့လား။ ကြက်တစ်ကောင်ကိုတောင် သတ်ဖို့ အားမရှိတဲ့ သူတစ်ယောက်ကို အခုလို ရက်ရက်စက်စက် လုပ်ထားတယ်။" Han Yunxi မှာ အထင်သေးမှုများ ပြည့်နှက်နေသည်။ ဆွံ့အအဘွားအိုမှာ မည်သူဖြစ်စေ Mu Yingdong မှာ သူ၏ ကိုယ်ကျိုးအတွက် သူမအား အသုံးချနေခြင်း ဖြစ်ရမည်။ သူက တစ်စုံတစ်ယောက်မှ သူ၏ ထောင်ချောက်ထဲသို့ ကျလာရန် ဤဝါးအိမ်အား ဆောက်ထားခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် Gu Qishao မှာ သူမအား ဤနေရာသို့ ခေါ်လာသည်။

“မင်းက သူမကို ခေါ်သွားချင်တာမလား။ ဟီးဟီးဟီး ငါက မင်းတို့နှစ်ယောက်ကို ဒီမှာ ပိတ်ထားမယ်။" Mu Yingdong မှာ ရုတ်တရက် ခြေထောက်ထုတ်ကာ Han Yunxi ထံသို့ ကန်ကျောက်လိုက်သည်။ တစ်ချိန်တည်းမှာပဲ လူသတ်သမားများမှာ Gu Qishao အား တိုက်ခိုက်ရန် လှုပ်ရှားလာကြသည်။

Han Yunxi မှာ သူမ၏ ပုခုံးပေါ်ရှိ Gu Qishao ၏ လက်အား တွန်းဖယ်လိုက်သည်။ “အဘွားကို သေသေချာချာ ကာကွယ်ထား။" သူမက ကိုယ်ခံပညာတတ်မြောက်ထားခြင်း မရှိသော်လည်း သူမ၏ လတ်တလော အနီးကပ်တိုက်ပွဲ အတွေ့အကြုံများမှာ သူမအား ရှောင်တိမ်းရန် နည်းလမ်းတစ်ချို့  ရှိလာ စေသည်။ သူမက Mu  Yingdong ၏ ခြေထောက်အား တစ်ဖက်သို့ ရှောင်တိမ်းကာ သူမလက်ညှိုးအား ထိုသူထံ ညွှန်ကာ အပ်များဖြင့် ပစ်ခတ်လိုက်သည်။ Han Yunxi မှာ ထိုကဲ့သို့ စွမ်းရည်ရှိနေကြောင်း Mu Yingdong မှာ မသိထားပေ။ ကံကောင်းစွာဖြင့် သူက သူမ၏ တိုက်ခိုက်မှုအား အချိန်မှီ တုံ့ပြန်နိုင်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now