အခန်း(၂၀၂)

102 19 0
                                    

အခန်း(၂၀၂)

အမှန်တကယ်တော့ အဲ့တာက အဆင့်မြှင့်တင်နေတာ။







Han Yunxi မှာ ချင်ဝမ်အိမ်တော်သို့ ပြန်ရောက်ချိန်တွင် ညမှောင်နေပြီဖြစ်သည်။ Long Feiye  ၏ အဆောင်မှာ မီးထွန်းထားခြင်း မရှိလျှင် သူက အပြင်ရောက်နေပြန်ပြီဟု ယူဆလိုက်သည်။ အတွေးတစ်ချို့ စဉ်းစားပြီးနောက် ရက်အနည်းငယ်ကြာလျှင် သူမက အချိန်တစ်ချို့ယူကာ Long Feiye ၏ ပေါင်အား ဖက်၍ဖြစ်စေ သူမအား လုပ်ကြံရေး လက်နက်များအား သင်ကြားပေးရန် တောင်းဆိုရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

အကယ်၍ သူမက  Gu Qishao  နှင့် ရင်ဆိုင်ရချိန်တွင် လုံလောက်စွာ အင်အားရှိနေခဲ့လျှင် သူက သူမအား လွယ်ကူစွာ ရှောင်တိမ်းသွားနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထန်မျိုးနွယ် လက်နက်များ၏ အဆိပ်သုတ်လိမ်းပြီးနောက် ကြောက်မက်ဖွယ်အလားအလာအား သတိပြုမိခဲ့သဖြင့် သင်ယူရန် မစောင့်နိုင်တော့ပေ။ တကယ်လို့  Long Feiye  က ငြင်းနေတယ်ဆိုရင် သူမက အရေထူ တွယ်ကပ်ပြီး နှောင့်ယှက်ရမှာ သူမရဲ့ တာဝန်ပဲ။ ဒါက သူမက အရှက်မရှိတာမဟုတ်ဘူး။ အထူးသဖြင့် Long Feiye ရှေ့မှာ မျက်နှာကောင်းအောင် ထိန်းသိမ်းထားလည်း သူမအတွက် တန်ဖိုးမရှိဘူး။ ဒါ့အပြင် ကောင်းမွန်လွန်းတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ရတာက မျက်နှာရတာနဲ့ ယှဉ်လို့ကိုမရဘူး။ သူမက ထန်မျိုးနွယ်လက်နက်ကို ကျွမ်းကျင်သွားတာနဲ့ အဲ့ဒီအချိန်ကျရင် သူမ မျက်နှာအတွက် တိုက်ခိုက်နိုင်ပြီ မဟုတ်လား။

သူမက မာနကြီးပြီး ထောင်လွှားနေတဲ့ ကောင်မလေးတစ်ချို့လို မဟုတ်ဘူး။ သူမက အခြေအနေနဲ့ လိုက်လျောညီထွေအောင်နေနိုင်ပြီး အခြေအနေက တောင်းဆိုလာတဲ့အတိုင်း နိမ့်ချတဲ့ အမူအရာနဲ့  တောင်းဆိုသင့်ရင် တောင်းဆိုနိုင်တယ်။ သူမလက်ထဲက ထန်မျိုးနွယ်လက်နက်တွေနဲ့ ပတ်သက်ပြီး Gu Qishao က ရုတ်တရက်ကြီး ဘာလို့ သိချင်နေတာလဲဆိုတာ သူမ မစဉ်းစားနိုင်သေးဘူး။ တစ်နေကုန် လူနာကြည့်ပြီး ညဘက်မှာလည်း မှားယွင်းတဲ့ အချက်ပေးသံကြောင့် သူမက အတော်လေးကို ပင်ပန်းနေပြီ။ ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ ပြန်ရောက်လျှင် သန့်ရှင်းရေး လုပ်ပြီးနောက် Han Yunxi မှာ အိပ်ရာနှင့် ထိမိသည်နှင့် အိပ်ပျော်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Tahanan ng mga kuwento. Tumuklas ngayon