အခန်း(၃၈၂)

52 12 0
                                    

အခန်း(၃၈၂)

တစ်စုံတစ်ယောက်က ချင်ဝမ်ကို ထောင်ချောက်ဆင်ချင်နေတယ်။







ချင်ဝမ်မှာ အကြီးတန်းအရာရှိအား နေမဝင်ခင် မြို့ထဲရှိ လူတိုင်းအား စပါးနှစ်ကျင် ဝေပေးရန် အမိန့်ပေးခဲ့သည်။ လက်ရှိတွင် နေ့ခင်းရောက်နေပြီ ဖြစ်ကာ နေဝင်ရန် ခြောက်နာရီသာ လိုတော့သည်။ အရာရှိ Nanguo မှာ Nanguo Jun အား အလွန်အမင်း ရိုက်နှက်ချင်နေသော်လည်း သူက အချိန်မလုံလောက်တော့ပေ။ အရှင့်သားချင်ဝမ်၏ အကျင့်စရိုက်ဖြင့် သူတို့ သားအဖအား ဒုက္ခသည်များ မြင်နိုင်ရန် ဓါးဖြင့်ရွယ်မလာခင် မြန်နိုင်သမျှ မြန်မြန် အစီအစဉ်စဉ်းစားရမည်။

ယုတ္တိကျစွာဆိုရလျှင် အရာရှိNanguo မှာ ချင်ဝမ်မှ ရောက်လာသည်နှင့် ကိုယ်တိုင် ကြိုဆိုသင့်သည်။ သို့တိုင် ဤဖြစ်ရပ်ပြီးနောက် သူက ယုံကြည်ချက် အနည်းငယ်ပင် မရှိတော့ချေ။ ငါက အဲ့ဒီလူကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ။

“တစ်ယောက်ယောက်လာ .. ဒီအသုံးမကျတဲ့ ကောင်စုတ်လေးကို ငါ့အတွက်စောင့်ကြည့်ထားပေး။ သူ့ကို တံခါးကနေ အပြင်ကို တစ်လှမ်းတောင် ထွက်ခွင့် မပေးနဲ့။" အရာရှိ Nanguo မှာ ကြမ်းတမ်းသော စကားများအား ပြောဆိုပြီးနောက် တံခါးမှ အလျင်အမြန် ထွက်သွားတော့သည်။ သူ၏ ပန်းတိုင်မှာ အိမ်တော်နှင့် ကွာဝေးခြင်း မရှိသည့် တော်ဝင်ဦးလေးမှ လွှတ်လိုက်သော သူမှ တည်းခိုနေသည့် မထင်မရှား အိမ်တစ်လုံးပင်။ ဧကရာဇ် Taihui မှာ ချင်ဝမ်အား ဘေးသင့်ဒေသများသို့ ထွက်ခွာရန် အမိန့်ပေးလိုက်ချိန်တွင် တော်ဝင်ဦးလေးမှာလည်း လျှို့ဝှက်စွာ သူ၏ လူတစ်ယောက်အား လွှတ်လိုက်လေသည်။

ထိုသူမှာ အခြားသူ မဟုတ်ပဲ အကောက်ခွန်ဝန်ကြီးဌာနမှ ဘေးသင့်ဒေသများအတွက် တာဝန်ယူစီမံရသော အရာရှိYu ပင်။ အရာရှိYu မှာ ဒေသအနှံ့အပြားသို့ စပါးဖြန့်ဝေသည့် အခြေအနေအား မှတ်သားထားရန် တာဝန်ရှိသူဖြစ်သည်။ ယုတ္တိကျစွာ ပြောရလျှင် အရာရှိYu မှာ အဆင့်နိမ့် အရာရှိများ၏ အကျင့်ပျက်မှုအား ပြုပြင်ရန် တာဝန်ရှိသူ ဖြစ်သော်လည်း သူကိုယ်တိုင်မှာ မှတ်တမ်းများ အတုပြုလုပ်ကာ တော်ဝင်ဦးလေးအား စပါး အမြောက်အများ ခိုးယူရန် ကူညီပေးနေသော အလွဲသုံးစားမှု ကျူးလွန်နေသူ ဖြစ်လေသည်။ သူက အခြားအရာရှိများ၏ အကျင့်ပျက်မှုအား မျက်စိတစ်ဖက်မှိတ် တစ်ဖက်ဖွင့်ထားလေသည်။ သူတို့က အလွန်များပြားစွာ အလွဲသုံးစား မပြုလုပ်သရွေ့ သက်သေရှိနေလျှင်တောင်မှ စစ်ဆေးခြင်း မပြုချေ။ အဆုံးတွင် အထက်အရာရှိများ ကိုယ်တိုင်ပင် ကောက်ကွေ့နေလျှင် အဆင့်နိမ့်အရာရှိများအား ပြစ်မှုမှ လှေကား ချပေးရမည်။ ဆိုလိုသည်မှာ သူက သူတို့အား ချိုသာဆက်ဆံပေးလိုက်ခြင်းပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now