အခန်း(၂၉၈)
မရည်ရွယ်ခဲ့ဘူး။
Mu Linger မှာ Long Feiye ထံမှ လျှို့ဝှက်ကာ သေးငယ် မည်းမှောင်သော အခန်းလေးထဲတွင် ပိတ်ထားခံရသည်။ အထဲတွင် နေရောင် အရိပ်အမြွက်ပင် မရပဲ ပိန်းမှောင်နေသည်။ ၎င်းတွင် သူမထံ အစားအသောက် ပို့ပေးသော လေးထောင့် တံခါးပေါက်လေးသာ ရှိနေသည်။ ထိုကဲ့သို့ ပိန်းမှောင်နေသည့် အခန်းတွင် တစ်ရက်မျှ ပိတ်ခံရလျှင်ပင် ကြောက်ရွံ့ဖွယ်ကောင်းလှပြီ ဖြစ်သော်လည်း သူမက ဤနေရာတွင် တစ်လခန့် ရှိနေပြီဖြစ်သည်။ Long Feiye မှာ ရက်စက်ရာတွင် ဆရာတစ်ဆူဖြစ်သည်။ Mu Linger အား ပိတ်လှောင်ထားသည့်အပြင် သူမထံ အစားအသောက် ပို့ပေးသူများအားလည်း စကားမပြောရန် ပြင်းထန်စွာ တားမြစ်ထားသည်။ တက်ကြွ သွက်လက်သော သဘာဝရှိသည့် မိန်းကလေးတစ်ယောက်အတွက် ကြောက်ရွံ့ဖွယ် အကောင်းဆုံး ညှင်းပန်းမှုသာ ဖြစ်သည်။ ဤကဲ့သို့ မည်းမှောင်နေသည့် အခန်းတွင် ပိတ်မိနေကာ ကျန်သော လောကကြီးနှင့် အဆက်အသွယ်ဖြတ်ခံထားရခြင်းမှာ သူမအား ပြိုလဲသွားစေရန် လုံလောက်သည်။
Mu Linger မှာ အရူးတစ်ယောက်ကဲ့သို့ အကြိမ်ပေါင်းများစွာ အော်ဟစ်နေခဲ့သော်လည်း သူမအား မည်သူမှ အာရုံ မစိုက်ပေ။ ပြီးခဲ့သည် လတွင် သူမလုပ်နိုင်သောအရာမှာ ခြေသံများအား နားထောင်ခြင်းသာ ဖြစ်သည်။ လက်ရှိတွင် အစာပို့ချိန် မဟုတ်သော်လည်း သူမထံသို့ တစ်စုံတစ်ယောက်မှာ ဦးတည်လာနေသည်။ ဝမ်းသာသွားပြီးနောက် သူမက လေးထောင့်ပုံ အပေါက်လေးသို့သွားကာ အော်ဟစ်လိုက်တော့သည်။ "ဘယ်သူလဲ။ ဘယ်သူလာတာလဲ။"
သူမ အသံကြောင့် ခြေသံမှာ ရပ်တန့်သွားလျှင် Mu Linger မှာ စိုးရိမ်ကြီးဖြင့် အော်လိုက်သည်။ "အဲ့ဒီမှာ ဘယ်သူလဲ ထွက်ခဲ့.."
"ပြောလေ.. အနေတာလား။"
"နင်ဘာလုပ်ချင်လို့လဲ။ တစ်ခုခုပြော...အား.."
"Long Feiye... ရှင် ကျွန်မကို သတ်ချင်သတ် ဒါမှမဟုတ် နှိပ်စက်ချင်ရင် နှိပ်စက်လိုက်။ ကျွန်မ Mu Linger က မကြောက်ဘူး။"
"ကျွန်မ လုပ်ခဲ့သမျှက Han Yunxi ကို တွန်းလိုက်ရုံပဲ အဲ့တော့ ဘာဖြစ်လဲ။ တကယ်လို့ ရှင့်မှာ စွမ်းရည်ရှိရင် ကျွန်မကို ပိတ်ထားမယ့်အစား သတ်လိုက်။"