အခန်း(၃၂၉)

67 15 0
                                    

အခန်း(၃၂၉)

မူလစီစဉ်ထားတာတွေ မလိုတော့ဘူး။






ထိုကြေငြာချက်မှာ Chu Qingge အား ဆယ့်ရှစ်ထပ်မြောက် အနိမ့်ဆုံးငရဲသို့ ကျဆင်းသွားစေရန် လုံလောက်သည်။ Han Yunxi နှင့် Zhao မားမားပင်လျှင် မယုံကြည်နိုင် ဖြစ်သွားသည်။ Long Feiye က ဒီမှာ ရောက်နေတယ်။ တကယ်လား... အမှားကြီးလား....

သုံးယောက်မှာ မတူညီသော အမူအရာများ ရှိနေစဉ် Long Feiye မှာ တံခါးမှ ကိုယ်တိုင် လျှောက်ဝင်လာသည်။ ယနေ့တွင် သူက နန်းတော်၏ အဖြူရောင်ပိုးထည်အား ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းအဆင်တန်ဆာအား ဆွဲထားသည်။ သူ၏ နက်မှောင်သော ဆံပင်များမှာ ခေါင်းပေါ်တွင် ထုံးဖွဲ့ထားပြီး သန့်စင်သပ်ရပ်သော အငွေ့အသက်အား ပေးစွမ်းနေသည်။ သူက ပကာသနမရှိ ဟန်ပန်များမရှိပဲ ရိုးရှင်းစွာ လမ်းလျှောက်လာသော်လည်း သူ၏ မြင့်မြတ်သော အာဏာပိုင်စိုးသူတစ်ယောက်၏ အငွေ့အသက်မှာ နန်းတော်တစ်ခုလုံး၏ အရှင်သခင်ကဲ့သို့ အထင်အမြင်ရောက်စေသည်။ Han Yunxi မှာ သတိမမူမိပဲ နှုတ်ခမ်းများမှာ ပျော်ရွှင်ကာ ပြုံးသွားကာ Chu Qingge ၏ မျက်နှာတစ်ခုလုံးမှာမူ မယုံကြည်နိုင်စွာ ပူလောင်နေတော့သည်။ သူမက Han Yunxi အား လှောင်ပြောင်ပြီးစပင် ရှိသေးပြီး Long Feiye မှာ ကိုယ်တိုင်ရောက်လာသည်။ ၎င်းမှာ သူမအား ပါးရိုက်လိုက်သကဲ့သို့ပင်။

သူက ဘာလို့ ရောက်လာတာလဲ။

တစ်ချိန်က Chu Qingge မှာ သူနှင့် ပတ်သက်သော အချက်အလက်တိုင်းအား အရူးတစ်ယောက်ကဲ့သို့ စုံစမ်းခဲ့သည်။ သူမက သူ၏ ကြိုက်နှစ်သက်သမျှ အားလုံးအား သိထားသည်။ သူမက နားလည်ထားသည်မှာ Long Feiye မှာ ချင်ဝမ်ဖြစ်လာချိန်တွင် နန်းတော်မှ ထွက်လာခဲ့သည်။ သူက နန်းတော်သို့ ဝင်ရောက်ရခြင်းအား မနှစ်သက်သောကြောင့် မယ်တော်ကြီး သို့မဟုတ် ဧကရာဇ်မှ ဆင့်ခေါ်ခြင်းမရှိလျှင် လာရောက်ခဲသည်။ တစ်ခါတစ်ရံ သူ၏ တည်ရှိမှုလိုအပ်သော ကိစ္စများရှိနေချိန်တွင် လာရောက်လေ့ရှိသည်။ မဟုတ်လျှင် သူက တံခါးအား ကျော်၍ ခြေပင်မချချေ။

သူက Han Yunxi အတွက် ရောက်လာတာလား။

Long Feiye မှ သူတို့ထံသို့ လျှောက်လာချိန်တွင် Chu Qingge မှာ သူက သူမအတွက် လာရောက်ခြင်းဖြစ်ကြောင်း အလွန်အမင်း ဆုတောင်းမိသည်။ သို့တိုင် Long Feiye မှာ Han Yunxi ထံသို့သာ လျှောက်သွားခဲ့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now