အခန်း(၃၀၃)

82 20 0
                                    

အခန်း(၃၀၃)

အရှင့်သားချင်ဝမ်က ဒေါသထွက်နေတယ်။







ယနေ့ညတွင် Han Yunxi မှာ အမှန်ပင် ဆုလက်ခံရန် ဤနေရာသို့ ရောက်နေရခြင်း ဖြစ်သည်။ သို့တိုင် ထိုကဲ့သို့ မျက်နှာသာပေးမှုမှာ သူမက လက်ခံနိုင်ရန် လေးလံလွန်းလှသည်။ ဤကမ္ဘာမှာ ပဒေသရာဇ်အုပ်ချုပ်မှုအောက်တွင် ရှိကာ တော်ဝင်အမိန့်တော်ဆိုသည်မှာ အမြင့်မားဆုံးသော အာဏာပုံစံဖြစ်သည်။ ၎င်းအား ငြင်းပယ်သူ မည်သူမဆို မည်သည့်အဆင့်အတန်းမှ ဖြစ်စေ ခြွင်းချက်မရှိ သေမိန့်ကျခံရမည်ဖြစ်သည်။ Long Feiye တစ်ယောက်သာ ဤကမ္ဘာပေါ်တွင် အမိန့်ဖီဆန်ပြီးနောက် ရိုးရှင်းစွာ အကျယ်ချုပ်ကျခံရသည့် တစ်ယောက်တည်းသောသူ ဖြစ်နိုင်သည်။ သူက ထျန်းနင်တွင် မည်သည့်ကိစ္စမှ ချုပ်ကိုင်ထားခြင်း မရှိသော်လည်း အဆက်အသွယ်များ၊ ကြွယ်ဝမှု၊ စစ်အင်အား နှင့် ရာပေါင်းများစွာသော အရာများအား ဆွဲငင်နိုင်သည့် ကိုယ်ရည်ကိုယ်သွေးတို့မှာ ဧကရာဇ် Taihui မှ ထိတ်လန့်ရသည့် အရာများဖြစ်သည်။

လက်ရှိတွင် တော်ဝင်ရုံးတော်မှာ  လေပွေတစ်ချက်တိုက်ရုံဖြင့် လူတိုင်းမှာ ထိတ်လန့်ရသည့် အခြေအနေဖြစ်သည်။ သို့တိုင် ဧကရာဇ်Taihui မှာသာ လှုပ်ရှားလာသူဖြစ်ပြီး Long Feiye မှာတင်းမာမှုတစ်ခုလုံးအား လျစ်လျူရှုထားသည်။ ဧကရာဇ် Taihui အား ပေးခဲ့သည့် သူ၏ တစ်ခုတည်းသော တုံ့ပြန်မှုမှာ အကျဉ်းခန်းထဲတွင် Han Yunxi အား သွားရောက်တွေ့ဆုံခြင်းဖြစ်သည်။ ချင်ဝမ်မှာ နောက်ထပ်မည်သို့ ပြုလုပ်မည်အား မည်သူမှ မသိနိုင်သော်လည်း သူက လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် မြို့တော်ရှိကြားနေအဖွဲ့များမှာလည်း အသေအချာပင် ပြောင်းလဲလာကြမည် ဖြစ်သည်။ လူတိုင်းက အခြေအနေပေါ်တွင် မျက်ခြေမပြတ်စောင့်ကြည့်နေသကဲ့သို့ ထင်ရသော်လည်း လူတိုင်းမှာ Long Feiye မှ သူ၏ ရပ်တည်ချက်အား ဖော်ပြလာချိန်အား စောင့်ဆိုင်းနေခြင်းဖြစ်သည်ဟု ဆိုလျှင် ပို၍ တိကျနိုင်သည်။ ထို့နောက် အဖွဲ့အမျိုးမျိုးမှာ သူ၏ ဘက်တွင် သူတို့၏ အသက်အား ကတိပြုလာကြသည်။

အစစ်အမှန်အာဏာမှာ တစ်စုံတစ်ယောက်၏ ပြုလုပ်မှုမှ လာခြင်း မဟုတ်ပဲ လုပ်ဆောင်ရန် မလိုအပ်ခြင်းသာ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now