အခန်း(၃၀၆)

84 18 0
                                    

အခန်း(၃၀၆)

အမှန်တကယ်တော့ သူမက ကယ်ပေးတာ…….။




“Han Yunxi ရပ်လိုက်….”

“ငါနင့်ကို သတိပေးနေတယ် နင်အခုမရပ်ရင် နင်က အကျိုးဆက်ကို တာဝန်ခံရမယ်။"

“Han Yunxi.. နင် ငါပြောတာကြားလား….. ရပ်လိုက်….”

Chu Qingge မှာ Han Yunxi ၏ လက်ထဲတွင်ရောက်နေပြီ ဖြစ်သော်လည်း စကားများ ဖြုန်းတီးနေသေးသည်။ Han Yunxi ၏ နှုတ်ခမ်းများမှာ ဆိုးသွမ်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားကာ ခါးစည်းအား ဖယ်ရှားလိုက်သည်။ မကြာခင်တွင်  Chu Qingge ၏ ဝတ်ရုံမှာ လျော့ရဲသွားတော့သည်။ သူမ၏ အဝတ်အစားအထပ်အလွှာမျိုးစုံမှ လျော့ရဲလာလျှင် အဖြူရောင်အတွင်းဝတ်မှာ ပေါ်လာတော့သည်။

“အား…” Chu Qingge မှာ အော်ဟစ်လိုက်သည်။ ချူမျိုးနွယ်မှာ သူမအား ရှေးဆန်သော တန်ဖိုးများအား အမြဲတစေ သင်ကြားခဲ့ပြီး ထိုမာနကြီးသော အကျင့်စရိုက်မှာ မည်ကဲ့သို့ ဤကိစ္စအား သည်းခံနိုင်မည်နည်း။ မကြာခင်တွင် သူမ၏ မျက်လုံးထောင့်၌ မျက်ရည်များဝဲလာသည်။ Han Yunxi မှာ အမှန်ပင် ဆိုးသွမ်းနေသည်။ Chu Qingge ၏ မျက်ရည်များဖြင့်ပင်လျှင် သူမက အပြစ်ကင်းစင်နေသကဲ့သို့ ပြုံးနေကာ ဆက်လက်လုပ်ဆောင်နေသည်။ ယခုအချိန်တွင် Chu Qingge မှာ အမှန်တကယ်ပင် ကြောက်ရွံ့နေပြီဖြစ်သည်။ “ Han Yunxi ...ငါက တောင်းပန်ပါတယ်… ငါတောင်းပန်ပါတယ်.. လွှတ်ပေးပါ။"

“Han Yunxi အဆိပ်မြေပြင်မှာ ငါက မှားခဲ့တာပါ။ သက်ညှာပေးပါ။" Chu Qingge မှာ သတိလွတ် မတတ်ထိတ်လန့်နေပြီး သူမ၏ မာနအားပင် လက်လျော့ကာ အမှားဝန်ခံနေသည်။ အဆုံးတွင် ဤနေရာမှာ ထျန်းနင်မြို့တော်ဖြစ်ကာ သူမက အနောက်ကျိုးမှ Duanmu Baiye ကိုယ်စား မယ်တော်ကြီးအား ဂုဏ်ပြုရန်ရောက်လာခြင်း ဖြစ်သည်။ သူမက အဝတ်အစားများဖယ်ရှားခံရကာ ကိစ္စများက ကြီးကျယ်လာလျှင် ချူမျိုးနွယ်အတွက်ကော အနောက်ကျိုးအတွက်ပါ မျက်နှာပျက်ရပေတော့မည်။

သူမ၏ ဘဝမှာလည်း ပျက်ဆီးသွားရတော့မည်။ ရေခဲအလှပဂေးမှာ သက်ညှာရန်တောင်းပန်နေသောကြောင့် Han Yunxi မှာ မည်ကဲ့သို့ အရှက်မဲ့စွာ ဆက်လက်ပြုမူနိုင်တော့မည်နည်း။ သူမက ပြုံးလိုက်ပြီးနောက် Chu Qingge ၏ ခါးစည်းအား ပြန်ချည်ပေးကာ ပုတ်လိုက်သည်။ “မင်းက ဘာတွေ စိတ်လှုပ်ရှားနေတာလဲ။ ငါက စနောက်နေရုံတင်ကို.. အကြီးဆုံးသခင်မလေးချူက အလေးအနက် သဘောထားနေတာလား။ ငါက အဲ့ဒီလောက်တောင် ကြောက်ဖို့ကောင်းနေလား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Wo Geschichten leben. Entdecke jetzt