အခန်း(၂၅၁)

86 14 0
                                    

အခန်း(၂၅၁)

စိုးရိမ်မှု။




သူတို့အောက်မှာ လူနှစ်ယောက်ရှိတယ်။

Mu Linger ၏ စကားများမှာ Gu Qishao ၏ အသားအရောင်အား ချက်ချင်းပင် မည်းမှောင်သွားစေတော့သည်။ သံသယများဖြင့် Han Yunxi  မှာ မေးမြန်းလိုက်သည်။ “ ကျွန်မတို့အောက်မှာ လူတွေ ရှိနေတာလား။ အောက်မှာရှိတာ မြွေဟောက်တွေ မဟုတ်ဘူးလား။"

ထိုစကားများကြောင့် Gu Qishao ၏ မျက်နှာမှာ ပြောင်းလဲသွားပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ပြာပုံတမျှ ဖြူဖျော့သွားလေသည်။

Han Yunxi မှာ ဤနေရာသို့ လမ်းလျှောက်လာသည့် အကြောင်းအရင်းမှာ ရှိနေသည့် အဆိပ်များအားလုံးကြောင့် ဖြစ်သည်။ သူမ၏ အဆိပ်ဖြေစနစ်မှာ များပြားလှသော မြွေဟောက်အဆိပ်များအား ခံစားမိနေပြီး အမျိုးအစားများစွာသော အဆိပ်များမှာလည်း ရောထွေးနေသည်။ Gu Qishao ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူက တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။ “ မြွေဟောက်တွေ ရှိတယ်ဆိုတာ မင်းဘယ်လို သိတာလဲ။ မင်းက ဒီနေရာကို ဖြတ်သွားဖူးလို့လား။"

“အနံ့ရတယ်။ ဒီမှာ အဆိပ်အနံ့က ပြင်းလွန်းတယ်။ ရှင်မပြောနိုင်ဘူးလား။” Han Yunxi မှာ သဘာဝကျစွာ တုံ့ပြန်လိုက်သည်။ အကယ်၍ အဖြူဝတ်အမျိုးသားသာ မရှိလျှင် သူမကိုယ်သူမ ​ဤနေရာအား ဖြတ်သွားခွင့်ပြုမည် မဟုတ်ပေ။

အဲ့ဒီလို အရာမျိုးကို ဘယ်လိုလုပ် အလွယ်တကူ အနံ့ခံနိုင်မှာလဲ။

အဖြူဝတ်အမျိုးသားမှာ Han Yunxi အား အနီးကပ် ကြည့်ရှုလိုက်သော်လည်း Gu Qishao မှာ သူမအား သံသယဝင်ရန် အချိန်မရှိပေ။ ထိုအစားသူက ခေါင်းစဉ်အား ပြောင်းလဲလိုက်သည်။ “သူက မင်းကို ဒီအောက်ထဲ ခေါ်လာတာလား။ အဆိပ်သားရဲကို ရှာဖို့ သူက မင်းကို ကူညီစေချင်တာလား။"

သို့တိုင် Han Yunxi မှာ အလွယ်တကူ လှည့်စားခံရမည့်သူ မဟုတ်ပေ။ သူမက မြေပြင်ပေါ်တွင် လမ်းလျှောက်ကြည့်ရင်း ဝင်ပေါက်အား စစ်ဆေးနေသည်။ “တကယ်လို့ ကျွန်မတို့အောက်မှာ လူတွေရှိနေရင် ဘယ်သူတွေလဲ။"

Mu Linger မှာ ပြောပြချင်နေသော်လည်း Gu Qishao ထံမှ ခက်ထန်သော အကြည့်က သူမအား ထိတ်လန့်ကာ ရပ်တန့်သွားစေသည်။ သူမက သူ့အား သိကျွမ်းခဲ့သည့် သည်နှစ်များအတွင်း Qiကိုကိုမှာ သူမအား ကြမ်းတမ်းစွာ မည်သည့်အချိန်ကမှ ဆက်ဆံခဲ့ခြင်း မရှိခဲ့ပေ။ သို့သော် Han Yunxi အတွက်နှင့် သူက ခက်ထန်စွာ ဆက်ဆံရန် ဆန္ဒရှိနေသည်။ မုန်းတီးမှုများအား ခံစားလိုက်ရပြီး Mu Linger ၏ မျက်လုံးများမှာ နီမြန်းလာကာ လက်သီးဆုတ်လိုက်သည်။ သို့တိုင် သူမက စကားမဆိုဝံ့တော့ပေ။ အနာဂါတ်တွင် Qiကိုကိုမှာ သူမအား ဂရုမစိုက်တော့မည်အား ​ကြောက်ရွံ့နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now