အခန်း(၃၃၂)

58 14 0
                                    

အခန်း(၃၃၂)

ဧပြီလေညှင်းကဲ့သို့ နွေးထွေးသော။





အကယ်၍ အခြားအချိန်များဆိုလျှင် ဧကရာဇ် Taihui ၏ အနိုင်အရှုံး ဆိုသည်မှာ Chu Qingge အား ကြီးမားစွာ နှစ်သိမ့်ပေးနိုင်လိမ့်မည်။ ယခုတွင်မူ သူမက မထိန်းချုပ်နိုင်ပဲ တုန်ရင်သွားပြီး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်လိုက်သည်။ ကံကောင်းစွာဖြင့် မယ်တော်ကြီးမှာ နေရာတွင် ရှိနေဆဲဖြစ်သည်။ မဟုတ်လျှင် သူမက အမှန်တကယ်ပင် ဘာလုပ်ရမည်မှန်း မသိတော့ပေ။ သူမအတွက် မည်သည့်လက်နက်မှ ရှိမနေသည့်အပြင် ဤနေရာမှာ ထျန်းနင်နန်းတော်ဖြစ်နေသည်။ အကယ်၍ ဧကရာဇ် Taihui မှာ သူမအား အလိုရှိလျှင် ဤနေရာတွင် အကန့်အသတ်မရှိ ပိတ်လှောင်ထားနိုင်သည်။

“မိန်းကလေးချူ အရင်တစ်ကြိမ်က ကိစ္စကို ရှင်းရှင်းလင်းလင်း စဉ်းစားပြီးသွားပြီလား။" ဧကရာဇ် Taihui မှာ ဖိအားပေးလိုက်သည်။ မယ်တော်ကြီးမှ ရှိနေသည်အားပင် သူက စိတ်ထဲထားဟန် မတူပေ။

အမေတစ်ယောက်မှာ သားဖြစ်သူအား နားလည်နိုင်သည်။ ဧကရာဇ် Taihui မှာ မည်သည့်အရာအား မေးမြန်းနေခြင်း ဖြစ်ကြောင်း မယ်တော်ကြီးမှာ ခန့်မှန်းနိုင်သည်။ တင်းကျပ်စွာဆိုရလျှင် သူမက ထွက်သွားသင့်ပြီ ဖြစ်သော်လည်း ခေါင်းမာစွာ ဆက်၍ ရှိနေသည်။ Chu Qingge မှ မည်သို့ တုံ့ပြန်လာမည်အား သူမက မြင်ချင်နေသည်။

“အရှင်မင်းမြတ်က ကျွန်မကို မထိုက်တန်တဲ့ ကြင်နာမှု ချီးမြှင့်နေတာပါ။ Qingge က ရင်ထဲမှာ တစ်စုံတစ်ယောက်ရှိပြီးနှင့် ပါပြီ။" Chu Qingge မှာ ပါးနပ်စွာ ငြင်းဆန်လိုက်သည်။ သူမက ဧကရာဇ် Taihui အား မည်သည့်အချိန်မှ ထပ်မတွေ့ချင်တော့၍  နန်းတော်သို့ ဘယ်တော့မှ ထပ်မံ၍ မဝင်ရောက်ရန်ပင် ကျိန်ဆိုနေသည်။ သူက သူမအပေါ်တွင် အုပ်မိုးလိုက်သော အရိပ်မှာ ကြီးမားလွန်းလှသည်။  ဧကရာဇ် Taihui မှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက် ရှိနေဟန်တူသည်။ သူ၏ မျက်လုံးများတွင် မပျော်ရွှင်မှုက ဖြတ်သွားသော်လည်း လူမြင်စေရန် ဖော်ပြခြင်း မပြုပေ။

“ကြည့်ရတာ ကိုယ်တော်က တစ်လှမ်း နောက်ကျသွားပြီ ထင်တယ်။" သူက အကောင်းမြင်ဟန်ဖြင့် ပြုံးလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now