အခန်း(၂၁၇)

89 15 0
                                    

အခန်း(၂၁၇)

ဒီဝမ်ဖေးက မျက်နှာပျက်ခံမှာ မဟုတ်ဘူး။







သူမက အခြားအမျိုးသမီးလောက် အရပ်မြင့်မားခြင်း မရှိသော်လည်း Long Feiye ၏ မြင်းပေါ်တွင်ထိုင်နေခြင်းက  Han Yunxi  အား တစ်ဖက်လူအား ဖိနှိပ်နိုင်ရန် လုံလောက်သည့် အရှိန်အဝါများ ပေးစွမ်းနိုင်သည်။ သူမက မထိမဲ့မြင်ဖြင့် ငုံ့ကြည့်လိုက်ပြီး တစ်လေသံတည်း ထေ့ငေါ့လိုက်သည်။ “ဒီဝမ်ဖေးက ဝမ်ရယ်နဲ့ လက်ထပ်လိုက်တဲ့ အချိန်ကစပြီး တစ်ကမ္ဘာလုံးက မိန်းမတွေအကုန် အိပ်မက်ဆိုး မက်သွားကြရတာလို့ ယုံကြည်ထားတယ်။ မိန်းကလေး Shuang'er ရဲ့ အိပ်မက်ဆိုးတာ တကယ်ပဲ နောက်ကျလွန်းတယ် မဟုတ်ဘူးလား။"

တစ်ကမ္ဘာလုံး…  Han Yunxi  မှာ ချဲ့ကားနေခြင်း မဟုတ်ပေ။ တိမ်တိုက်ကုန်းမြေရှိ တော်ဝင်မင်းသား သုံးပါးတွင် ကမ္ဘာပေါ်ရှိ အမျိုးသမီးများမှာ  Tianning ချင်ဝမ်အား အနှစ်သက်ဆုံးဖြစ်သည်။ သို့တိုင် ထိုအမျိုးသမီးများထဲက တစ်ယောက်မှ သူ၏ နှစ်သက်မှုအား မရရှိခဲ့ပေ။ သူမကလည်း ခြွင်းချက်မဟုတ်မှန်း Han Yunxi  မှာ သိနေသော်လည်း သူမက သူ၏ မြင်းပေါ်တွင် ထိုင်နေရချိန်တွင် သူမကိုယ်သူမ နိမ့်ချရန် ခွင့်မပြုနိုင်ပေ။ စတင်ချိန်တည်းက ကြင်ယာတော်ကြီး Yi ၏ စကားများအား သူမက အမြဲတစေ မှတ်မိနေခဲ့သည်။ ၎င်းမှာ မည်သည့်အခြေအနေအောက်တွင်မဆို ချင်ဝမ်အား မျက်နှာမပျက်ရစေရန် ဖြစ်သည်။

“ဆိုတော့ အဲ့ဒီဘက်က ချင်ဝမ်ဖေးပေါ့။ မင်္ဂလာဆောင်နေ့က Shuang’er က ကြားခဲ့သေးတယ်။" သူမက ထိုနေရာတွင်သာ ရပ်နေလိုက်သည်။ ဆက်လက်ပြောဆိုမည့်အစား ထင်ရှားစွာ ပြုံးရင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။ “ ဒီတစ်ယောက်က သမီးတော်များ မြို့တော်က Leng Shuang Shuang ပါ။”

တိမ်တိုက်ကုန်းမြေကြီးပေါ်တွင် မြို့တော်ကြီး လေးမြို့ရှိနေသည်။ ::: ဆေးမြို့တော်၊ ဆေးဝါးမြို့တော်၊ ကြောင့်ကြမဲ့မြို့တော်နှင့် သမီးတော်များ မြို့တော်ဖြစ်သည်။ ဆေးမြို့တော်တွင် ဆေးပညာသင်တန်းကျောင်းရှိနေသည်။ ဆေးဝါးမြို့တော်တွင် မျိုးနွယ်ကြီး သုံးစုက ရှိနေပြီး ကြောင့်ကြမဲ့မြို့တော်နှင့် သမီးတော်များ မြို့တော်မှာမူ သက်ဆိုင်ရာနယ်မြေများ၏ မျိုးနွယ်တစ်ခုစီအောက်တွင် မြို့အရှင်များက ထိန်းချုပ်ထားသည်။ ကြောင့်ကြမဲ့မြို့တော်မှာ Qi မျိုးနွယ်၏ လက်အောက်တွင် ရှိနေပြီး သမီးတော်များမြို့တော်မှာ Lengမျိုးနွယ်မှ အုပ်ချုပ်နေသည်။ Han Yunxi ၏ ခန့်မှန်းချက်မှာ မှန်ကန်လေသည်။::: ထိုအမျိုးသမီးတွင် ထူးခြားသော ဇာတ်မြစ်ရှိနေသည်။ သို့တိုင် သူမက အဲ့တာကို ဘာလုပ်ရမှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now