အခန်း(၃၅၁)

78 9 0
                                    

အခန်း(၃၅၁)

သူမက ဘာလို့ လက်တုံ့မပြန်ရမှာလဲ။




အိမ်ရှေ့စံ၏ လက်ထပ်ပွဲအား သိရှိသွားကြသည်နှင့် ရုံးတော်နှင့် အရပ်သားများကြားတွင် အုတ်အုတ်ကျက်ကျက် ဖြစ်သွားတော့သည်။ မူလတည်းကပင် တော်ဝင်ထိမ်းမြားမှုမှာ ကိစ္စကြီးဖြစ်ကာ ဧကရာဇ် Taihui၊ တော်ဝင်ဦးလေးအိမ်တော်နှင့် စစ်သူကြီးMu အိမ်တော်တို့မှ ပါဝင်နေလျှင် ပြောစရာပင် မလိုတော့ချေ။ Long Tianmo မှာ နာမည်ဆိုးနှင့် ကျော်ကြားသော Mu Liuyue ကဲ့သို့ မိန်းကလေးအား အမှန်တကယ်ပင် ထိမ်းမြားလာမည်ဟု မည်သူမှ မထင်မှတ်ထားပေ။ သို့တိုင် လူတိုင်းမှာ ၎င်းက အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း သတိပြုမိနေသည်။

ဧကရာဇ် Taihui ၏ အားထားမှု၊ တော်ဝင်ဦးလေးအိမ်တော်၏ ထောက်ပံ့မှုနှင့် စစ်သူကြီးMu ၏ စစ်အင်အားဖြင့်ဆိုလျှင် အိမ်ရှေ့စံမှာ ယခင်ကထက် ပို၍ မြင့်မားစွာ ရပ်တည်နိုင်ပြီ ဖြစ်သည်။ သူက ထျန်းနင်တော်ဝင်မျိုးနွယ်၏ ရှေ့တွင် ကိုယ်စားပြုကာ ချင်ဝမ်အား စိန်ခေါ်နိုင်စွမ်း ရှိလာပြီ ဖြစ်သည်။ Han Yunxi မှာ Mu Qingwu နှင့် တွေ့ဆုံကာ ပြန်လာချိန်တွင် အိမ်ရှေ့စံနှင့် ပတ်သက်သော သတင်းများအား နေ့စဉ်နှင့် အမျှ ကြားနေရတော့သည်။

ကမ္ဘာကြီးအား ထိုအင်အားစု သုံးခုမှ အုပ်ချုပ်ရန် လှည့်ပတ်နေသကဲ့သို့ပင်။ Han Yunxi မှာ အမျိုးသားများကြားမှ အာဏာကစားပွဲအား နားမလည်သကဲ့သို့ ထျန်းနင်၏ တိုင်းပြည်ရေးအားလည်း စိတ်မဝင်စားပေ။ ထို့အစား သူမက Mu Qingwu အတွက်သာ ပို၍ စိတ်ပျက်ရကာ နောင်တရနေသည်။ သူက ထျန်းနင်၏ စွမ်းရည်အရှိဆုံးသော ငယ်ရွယ်သည့် စစ်သူကြီးတစ်ယောက်ဖြစ်ကာ စစ်သူကြီးMu၏ တစ်ဦးသော အမွေခံဖြစ်ပြီး ရုံးတော်တွင်လည်း ပြတ်သားစွာ ပြောဆိုတတ်သူဖြစ်သည်။ တစ်ခါတစ်ရံတွင် အထက်လူကြီးများမှ တစ်စုံတစ်ရာ မမှန်ကန်ဟု ခံစားရချိန်တွင် သူက ပွင့်လင်းစွာ ပြောဆိုတတ်သူဖြစ်သည်။ အလွန် ငယ်ရွယ်ကာ ထက်မြက်သော လူတစ်ယောက်မှာ ပြင်ပဖိအားများ အောက်တွင် အရှုံးပေးလိုက်ရသည်။ Han Yunxi မှာ သူမ၏ စာကြည့်ခန်းထဲတွင်သာ အဆိပ်လေ့လာနေခဲ့ပြီး Zhaoမားမားမှာ နန်းတော်မှ နောက်ဆုံးသတင်းဖြင့် ရောက်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now