အခန်း(၂၃၆)

82 14 0
                                    

အခန်း(၂၃၆)

အဆိုးမြင် အခြေအနေ။







Long Tianmo က သတိရလာပြီ။

သတိလစ်နေသော လူတစ်ယောက်၏ သရုပ်မှန်အား စစ်ဆေးရန် ခက်ခဲလှသော်လည်း လူက သတိဝင်လာလျှင် လွယ်ကူသွားပြီဖြစ်သည်။

“လမ်းပြ။ သူက အစစ်လားဆိုတာ ဒီမင်းသားက မေးခွန်းနည်းနည်းလောက် မေးရုံနဲ့ သိနိုင်တယ်။" Qinwang Rong မှာ စိုးရိမ်နေသည်။ ရှိနေသည့်လူများထဲတွင် သူက Long Tianmo အား နားလည်နိုင်မှု အရှိဆုံးသူဖြစ်သောကြောင့် သူက စကားပြောရန် အခွင့်အရှိဆုံးသူဖြစ်သည်။ လူတိုင်းမှာ တိုင်ပင်ဆွေးနွေးရေးခန်းမသို့ အလျင်အမြန် ဦးတည်သွားကြသည်။ ဆွေးနွေးပွဲမှာ နှောင့်နှေးသွားချိန်တွင် Long Tianmo အား ခန်းမအနောက်ဘက်ရှိ ခြံဝန်းထဲမှ အခန်းထဲသို့ ပို့ဆောင်ထားသည်။ သို့တိုင် သူတို့က ခြံဝန်းရှေ့သို့ ရောက်သည့်အချိန်မှာပင် Long Tianmo ၏ ညည်းညူသံများအား သတိပြုနိုင်သည်။ ရုတ်တရက် ရပ်တန့်သွားသည့် Han Yunxi မှ လွဲ၍ လူတိုင်းမှာ ထိတ်လန့်သွားကြပြီး ခြေလှမ်းများ မြန်လိုက်ကြသည်။

ထိုသည်အား မြင်လျှင် Gu Beiyue မှာလည်း ရပ်တန့်လိုက်ကာ တိုးညင်းစွာ မေးလာသည်။ “ ဘာဖြစ်လို့ပါလဲ။"

Han Yunxi မှာ ပြန်မဖြေပဲ မျက်လုံးများ အောက်စိုက်ကာ တစ်စုံတစ်ရာတွင် နစ်မြှုပ်နေသကဲ့သို့ ရပ်နေသည်။ သူမက မည်သည့်အရာ စဉ်းစားနေမှန်း မသိနိုင်ချေ။

“ဘာမှ မဟုတ်တော့ဘူး။" သူမက ပြောလိုက်ပြီး ဆက်လက် လျှောက်သွားလိုက်သည်။

ခြံဝန်းထဲတွင် Qinwang Rong မှာ တံခါးအား တွန်းဖွင့်ကာ အခန်းထဲသို့ အလျင်စလို ဝင်သွားပြီ ဖြစ်သည်။ Long Tianmo မှာ ကုတင်ပေါ်တွင် လူးလိမ့်နေရပြီး ကိုယ်ပေါ်ရှိ အဖြူရောင် ဝတ်စုံမှာ ချွေးများစိုရွဲနေသည်။ သူ၏ မျက်နှာမှာ ဖြူဆုတ်နေကာ သွေးများ ပြည့်နေပြီး အမူအရာက ထိတ်လန့်တုန်လှုပ်နေသည်။ သူက စိတ်ကူး၍ပင် မဖြစ်နိုင်သော နာကျင်မှုအား ခံစားနေရသည်။

“Mo’er.. Mo’er.."  Qinwang Rong မှာ ရုတ်တရက် ကုတင်ရှေ့တွင် ရပ်တန့်သွားသည်။ သူက မည်မျှပင် ခေါ်နေပါစေ Long Tianmo မှာ တုံ့ပြန်မှု မရှိပေ။ သူက Qinwang Rong မှ ဘေးတွင် ရှိမှန်းပင် သတိမပြုနိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now