အခန်း(၃၇၃)

61 11 0
                                    

အခန်း(၃၇၃)

ငါက အဲ့ဒီ ပြီးပြည့်စုံတဲ့ ပါးနပ်မှုကို သဘောကျတယ်။







မှောင်ခိုဈေးကွက်နှင့် ပတ်သက်နေသော မည်သည့်ကုန်သည်မဆို  သာမာန် ကုန်သည်များထက် သုံးဆ ပါးနပ်ကာ ကောက်ကျစ်လေသည်။ ဆိုင်ရှင် Lin မှာ သူက အထဲသို့ လမ်းလျှောက်ဝင်လာချိန်မှစ၍ Han Yunxi ၏ ပုံမှန်နှင့် မတူသော အကျင့်စရိုက်နှင့် အေးစက်မှုအား သတိပြုမိထားသည်။ ထို့အပြင် တတိယသခင်လေး Chen ၏ ဒဏ်ရာများမှာ သူတို့က ရန်စသင့်သော သူမဟုတ်ကြောင်း ပြသနေသည်။ ကြာပွတ်အသုံးပြုသူမှာ ဤကဲ့သို့ ကျဉ်းမြောင်းသော အခန်းတွင် သူ၏ ကျွမ်းကျင်မှုအား ပြသနိုင်သည်မှာ ပိုင်ရှင်မှာ ထူးကဲသူ ဖြစ်ရမည်။ ထို့အပြင် နှစ်ယောက်မှာ စပါးခရိုင်တွင် အာဏာရှိသူအား အပြစ်ပြုဝံ့သောကြောင့် သူတို့က အလွန်တောင့်တင်းသော နောက်ခံရှိရမည်။

ဆိုင်ရှင် Lin မှာ Han Yunxi နှင့် အစောင့်အား သုံးပိုင်းလောက် ထိတ်လန့်နေပြီ ဖြစ်သည်။ သူ၏ အစောပိုင်းမှ စကားမှာ သူမထံမှ စကားသံ ထွက်လာစေရန်သာ ဖြစ်သည်။ Han Yunxi ၏ ဦးနှောက်မှာ Long Feiye နှင့် ပတ်သက်နေလျှင်သာ လျှပ်စီးပတ်လမ်း ပြတ်တောက်နေနိုင်သော်လည်း အခြားကိစ္စများတွင် သူမက အတော်လေး ပါးနပ်မှု ရှိလေသည်။ ဆိုင်ရှင် Lin မှာ သူတို့အား စမ်းသပ်နေခြင်းသာ ဖြစ်ကြောင်း သူမက သေချာနေသည်။

“မလုံလောက်ဘူး။” သူမက အေးစက်စွာ ပြောလိုက်သည်။ သူမ၏ တည်ငြိမ်သော အမူအရာမှာ ကိုယ်ပိုင် ဖိအားအား ထုတ်ပေးနိုင်သည်။ တတိယသခင်လေး Chen အား ရိုက်နှက်ခြင်းနှင့် သူ့ထံမှ တောင်းပန်မှု ရယူခြင်းမှာ ဆက်စပ်မှု မရှိချေ။ ဘာလို့ အခြားတစ်ဖက်ကို အလျော့ပေးရမှာလဲ။

“ဒါဆိုရင် မင်းက ဘာလုပ်ချင်လို့လဲ။" ဆိုင်ရှင် Lin ၏ အသံမှာလည်း မညင်သာနိုင်တော့ပေ။

“ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ တကယ်လို့ ဆိုင်ရှင် Lin က ဒီမိန်းကလေးနဲ့ စီးပွားရေး လုပ်ချင်သေးရင် အဲ့ဒီဝက်က ကျွန်မကို တောင်းပန်ဖို့ လိုအပ်တယ်။ တကယ်လို့ ဆိုင်ရှင် Lin က ဘာစီးပွားရေးကိုမှ စိတ်မဝင်စားဘူးဆိုရင်တော့ ​မေ့လိုက်ပါ။ ဒီမိန်းကလေးက ရှေ့လျှောက် ဘယ်လို အလဲအလှယ်ကိုမှ Lin မျိုးနွယ်နဲ့ လုပ်ဖို့ စဉ်းစားတော့မှာ မဟုတ်ဘူး။" Han Yunxi မှာ အေးစက်စွာပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now