အခန်း(၃၂၀)

87 15 0
                                    

အခန်း(၃၂၀)

ကောင်းမွန်သော မားမားက သူမရဲ့ ပြစ်မှုကို ကောင်းမှုနဲ့ ပြန်ပေးဆပ်ပါမယ်။






Han Yunxi မှာ တတ်နိုင်သမျှ ပြင်းထန်စွာ ချောင်းဆိုးလိုက်သော်လည်း မအောင်မြင်ပေ။ Long Feiye မှာ အလွန် စိုးရိမ်နေပြီး သူမ၏ ကျောပြင်အား ဆက်တိုက်ပုတ်ပေးနေသော်လည်း အစစ်အမှန် အားသုံးရမည်အား ကြောက်ရွံ့နေသည်။ သူက Zhaoမားမား၏ သတိပေးမှုအား ကြားလျှင် သူမရှေ့သို့ ရွေ့လိုက်ပြီး လက်ဖြင့် ညင်သာစွာ ဖိဆွဲလိုက်သည်။ တစ်ကြိမ်ပြီး တစ်ကြိမ် သူ၏ လက်ချောင်းထိပ်များဖြင့် ထပ်တလဲလဲ ရွေ့လျားနေပြီး Han Yunxi မှာ ရုတ်တရက် သူမရင်ဘတ်မှတစ်ဆင့် တစ်ကိုယ်လုံးသို့ လျှပ်စစ်ဓါတ်များ ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်သည်။ သူမက ထုံကျင်သွား သကဲ့သို့ပင်။ သူမက အေးစက်စွာ အသက်ရှူလိုက်ပြီးနောက် သူမ၏ အသက်ရှူလမ်းကြောင်းမှာ ရှင်းလင်းသွားတော့သည်။

သူမ၏ နှုတ်ခမ်းသားများမှာ မျဉ်းတစ်ကြောင်း ဖြစ်လာသည်အထိ ဖိကပ်ထားကာ တစ်ကိုယ်လုံးမှာ တောင့်တင်းနေသည်။ သူမက ထပ်မံ၍ ချောင်းမဆိုးဝံ့တော့ပဲ နီရဲသော မျက်နှာမှာ နီမြန်းသထက် နီလာကာ မီးတောက်တော့မတတ် ပူလောင်လာသည်။ သူမက Long Feiye ၏ လက်အား ဖယ်ရှားချင်နေသော်လည်း သူမခန္ဓာကိုယ်မှာ နေရာတွင် အေးခဲနေသည်။ Long Feiye မှာ သူက ဘာလုပ်နေသည်ဆိုခြင်းအား မြင်နိုင်အတွက် အလွန်စိုးရိမ်နေပြီး Han Yunxi မှာ တောင့်တင်းလာအထိ သူ၏ လက်ချောင်းများအား အပေါ်အောက် ရွေ့လျားနေသည်။ ထိုအချိန်မှသာ Long Feiye မှာ တစ်စုံတစ်ရာမှ လွဲချော်နေကြောင်း သတိပြုမိသွားပြီး သူမက ဘာဖြစ်နေလဲဟု စဉ်းစားကာ ရပ်တန့်သွားသည်။

“Han Yunxi  ဘာမှားလို့လဲ။" သူက အလျင်စလို မေးလိုက်သည်။ သူ၏ မျက်ခုံးများမှာလည်း မည်သည့်အခါမှ ပြန်လည်ချောမွေ့လာတော့မည် မဟုတ်သကဲ့သို့ တင်းကျပ်စွာ တွန့်ကျိုးနေသည်။

“ကျွန်မ… ကျွန်မ…” Han Yunxi ၏ နားရွက်များမှာ ပူလောင်နေပြီ ဖြစ်သည်။ “ကျွန်မ… အခု အဆင်ပြေပါပြီ။"

သူမက အခြား ဘာပြောနိုင်ဦးမည်လဲ။ သူ၏ လက်မှာ သူမ၏ ရင်ဘတ်အား ထိကပ်ထားဆဲဖြစ်သည်။ ထိုပါးနပ်လွန်းသော Zhaoမားမားမှာ အရာအားလုံးအား မြင်လိုက်သည်လား သူမက မရှင်းလင်းသော်လည်း တစ်ဖက်တွင် ရပ်နေသည့် အမျိုးသမီးကြီးမှာမူ  အပြုံးမဟုတ်သော အပြုံးဖြင့် မတ်တပ်ရပ်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now