အခန်း(၃၂၂)

77 15 0
                                    

အခန်း(၃၂၂)

သူမက မနေနိုင်ဘူး။



“ဘာလဲ … မင်းက နာကျင်မှုကို မကြောက်ဖူးလား။" Han Yunxi မှာ သဘောကျစွာ မေးမြန်းလိုက်သည်။

“ကျွန်မ… ကြောက်တယ်..”  Baili Mingxiang မှာ ပွင့်လင်းစွာ ဝန်ခံလိုက်သည်။ သူမက မည်ကဲ့သို့ မကြောက်ပဲ နေမည်လော။ သူမက ဆယ်နှစ်ကျော်လောက် ဝေဒနာခံစားခဲ့ရသည်။ သူမက ကြောက်ရွံ့မှုအား မည်သည့်အချိန်ကမှ မကျော်လွှားနိုင်ခဲ့ပဲ နာကျင်မှုအား နေသားကျသွားခြင်း ဖြစ်သည်။ သူမက ငယ်စဉ်တည်းက မိခင်ဖြစ်သူအား ဆုံးရှုံးရပြီးနောက် မိန်းမလှသွေးအား ပျိုးထောင်ရန် ထန်မျိုးနွယ်သို့ ပို့ဆောင်ခြင်းခံရသည်။ သူမက နာကျင်မည်အား ကြောက်နေလားဟု မည်သူမှ တစ်ခါပင် သူမအား မေးမြန်းခြင်း မပြုခဲ့ပေ။

သူမ၏ ဖခင်ဖြစ်သူမှ ပြောသမျှမှာ “Mingxiang .. စစ်သားတစ်ယောက်က စစ်သားတစ်ယောက်နဲ့တူရမယ်။" ​ဟူ၍ပင်။ သူမ၏ အစ်မများမှာ မိန်းမလှသွေးအကြောင်း မသိရှိပဲ သူမအား လုံလောက်စွာ အရေးပေးကာ ထန်မျိုးနွယ်သို့ ပို့ဆောင်ခဲ့သည်အား မနာလိုဖြစ်နေကြသည်။ ထို့အပြင် သူမက ထိမ်းမြားရန်မလိုအပ်ပဲ စစ်သူကြီး Baili အိမ်တော်တွင်သာ အရှင့်သားချင်ဝမ်အား အလုပ်အကျွေးအဖြစ် နေနိုင်ခဲ့သည်။ သူမအား ပထမဆုံး ဂရုစိုက်ပေးသူမှာ အရှင့်သားချင်ဝမ်၏ တရားဝင်ဇနီးဖြစ်သော Han Yunxi ဖြစ်နေမည်ဟု မည်သည့်အချိန်ကမှ မထင်ထားခဲ့ချေ။

“တကယ်လို့ မင်းက ကြောက်တယ်ဆိုရင် ဘာလို့ သန်မာချင်ယောင်ဆောင်နေတာလဲ။"  Han Yunxi မှာ ပြုံးလိုက်သည်။

“ကျွန်မ…”  Baili Mingxiang မှာ ရုတ်တရက် ဘာပြောရမယ်မှန်း မသိတော့ပေ။ သန်မာချင်ယောင်ဆောင်နေတယ်!!!

သူမ… ကောင်းပြီ… သူမက Han Yunxi ၏ စကားများမှာ သူမနှလုံးသားထဲသို့ တိုက်ရိုက်ထိမှန်သွားကြောင်း ဝန်ခံနိုင်သည်။ သူမက ရင်မဆိုင်ချင်သော်လည်း သူမက အပေါ်ယံသာ ရှိကြောင်း သိနေသည်။ ဒါပေမယ့် ဘာဖြစ်သေးလဲ။ သူမက ယနေ့အထိ သည်းခံနိုင်ခဲ့သေးတယ်မလား။

ငါက အသက်ရှည်မှာ မဟုတ်ဘူး။ သူမက တွေးလိုက်သည်။ ငါက ဒီဟန်ဆောင်တာကို တစ်ဘဝလုံး ရှေ့တန်းတင်ထားနိုင်လောက်တယ်။ ရုတ်တရက် Baili Mingxiang မှာ တုန်ရင်လာသည်။ သူမက ကြောက်မက်ဖွယ်ကောင်းသော အေးစိမ့်မှုမှာ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံလာသည်အထိ အဆင်ပြေနေသေးသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now