အခန်း(၂၅၄)

85 16 0
                                    

အခန်း(၂၅၄)

စီစဉ်ထားမှု မရှိပဲ အတူတကွ သွားရောက်ကြခြင်း။





ဝတ်စုံဖြူအမျိုးသားမှာ တစ်ချိန်လုံး တိတ်ဆိတ်နေသော်လည်း Long Feiye နှင့် Gu Qishao မှာ သူ့အား မေ့သွားခြင်း မရှိပေ။ အရိပ်မျိုးနွယ်စုမှ လူတစ်ယောက်မှ ဤနေရာတွင် ပေါ်လာခြင်းကပင် အတွေးများရန် ထိုက်တန်နေပြီ ဖြစ်သည်။ ထို့အပြင် သူက ဤကဲ့သို့သော စကားမျိုး ပြောလာသည်။ သူက ဦးဆောင်သွားဖို့ ဘယ်လို အခွင့်အရေး ရှိလို့လဲ။

“ဘာလဲ မင်းက လမ်းသိတာလား။" Gu Qishao မှာ ရယ်မောလိုက်သည်။

အဖြူဝတ်အမျိုးသားမှာ မတုံ့ပြန်နိုင်ခင် Han Yunxi မှာ Gu Qishao အား ကြည့်လိုက်သည်။ “သူ တကယ်သိတယ်။"

ထိုစကားကြောင့် Long Feiye ၏ မျက်လုံးများတွင် ရှုပ်ထွေးမှုများ ဖြတ်သွားသည်။ အရိပ်မျိုးနွယ်စုက လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဆိပ်ဂိုဏ်း ကောင်းကင်တွင်းနက်ရဲ့ လမ်းတွေကို သိနေရတာလဲ။ သူက စုံစမ်းနေတဲ့ ကိစ္စကအမှန်များ ဖြစ်နေမလား။

Gu Qishao မှာမူ ရုတ်တရက် ဒေါသထွက်လာတော့သည်။ “ ဆိုတော့ မင်းက မြေပုံခိုးသွားတာပေါ့။" အဆုံးတွင် ကောင်းကင်တွင်းနက် ထုံးကျောက်လိုဏ်ဂူမှာ ရာထောင်ချီသော လှည့်စားမှုများ၊ အကွေ့အကောက်များ နှင့် လမ်းပိတ်များ ရှိနေသည်။ ၎င်းမှာ အလွန်အမင်းရှုပ်ထွေးသော ဝင်္ကပါတစ်ခုဖြစ်ပြီး ဆေးပညာသင်တန်းကျောင်းမှ အထက်တန်းအဆင့်လူများ သို့မဟုတ် လက်ထဲတွင် မြေပုံရှိသူများသာ လမ်းသိနိုင်သည်။ အဖြူဝတ်အမျိုးသားမှာ မြေပုံအား ခိုးယူလာခြင်း ရှိမရှိအား ကောင်းကင်ကသာ သိနိုင်သော်လည်း Han Yunxi မှာမူ သူက ထုတ်ယူသည်အား တစ်ကြိမ်ပင် မတွေ့ခဲ့ရချေ။

သူက Gu Qishao ၏ စွပ်စွဲချက်အား လျစ်လျူရှုကာ မေးလိုက်သည်။ “မိန်းကလေး ယွင်ရှီး ကျွန်တော်တို့က သွားမှာလား မသွားဘူးလား။”

လမ်းပြရန် တစ်ယောက်ယောက်ရှိနေလျှင် အကောင်းဆုံး ဖြစ်သည်။ Han Yunxi မှာ အရိပ်မျိုးနွယ်စုအကြောင်း အနည်းငယ်မျှ သိရှိထားခြင်း မရှိသောကြောင့် ငြင်းဆန်စရာအကြောင်း မရှိပေ။ ထိုအဖြူဝတ်အမျိုးသားမှာ အဆိပ်အား သိရှိထားခြင်းမရှိကြောင်း သူမက ပြောနိုင်ပြီး သူက အဆိပ်သားရဲအား ဖမ်းဆီးရန် သူမ အကူအညီလိုအပ်ခြင်း ဖြစ်နိုင်သည်။ Long Feiye နှင့် Gu Qishao မရှိလျှင်ပင် သူမက ထိုအမျိုးသားနောက် လိုက်လာဝံ့ခဲ့ပြီး ယခုအချိန်မှ မည်သည့်အရာအား ကြောက်လန့်နေရမည်နည်း။ နောက်ဆုံး သူတို့က အဆိပ်သားရဲထံရောက်သွားလျှင် ၎င်းအား တစ်ဖက်မှ လုံလောက်စွာ လုယူနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Opowieści tętniące życiem. Odkryj je teraz