အခန်း(၂၅၈)

81 17 0
                                    

အခန်း(၂၅၈)

ထူးဆန်းမှု။ သူတို့အနားမှာ လှည့်ပတ်နေတယ်။






အရာအားလုံးက ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသည်။ Long Feiye နှင့် Han Yunxi တို့မှာ တစ်ချိန်တည်း နောက်ဆုတ်လာပြီး Jun Yixie နှင့် Duanmu Yao တို့မှာ တံခါးအပြင်တွင် ကျန်ခဲ့သင့်သော်လည်း ယခုကဲ့သို့ အဆုံးသတ်သွားရမည်ဟု မည်သူမှ မထင်မှတ်ထားပေ။ Han Yunxi မှာ သတိဝင်မလာနိုင်သေးပေ။ သူမ တွန်းထုတ်ခံလိုက်ရသည်နှင့် တစ်ချိန်တည်း Long Feiye မှာ အခြားအမျိုးသမီးတစ်ယောက်နှင့် လျှို့ဝှက်ခန်းထဲသို့ ဝင်လာသည်အား တွေ့လိုက်ရသည်။ သူမက သူ၏ ခြေထောက်အောက်တွင် လဲကျသွားသော်လည်း သူက ရပ်တန့်ခြင်း မရှိခဲ့ပေ။

ထိုကဲ့သို့ ခံစားချက်မှာ အနည်းငယ်ပင် ကောင်းမွန်ခြင်း မရှိပေ။

အမှန်တွင် Long Feiye မှာလည်း Han Yunxi ကဲ့သို့ အခြေအနေတွင် ရောက်ရှိနေခြင်းဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာမည်ဟု သူက မထင်မှတ်ထားပေ။ သူက ဆင်းသက်လိုက်ပြီးသည်နှင့် Duanmu Yao အား ဒုတိယတစ်ချက်ပင် မကြည့်ပဲ တံခါးသို့ အလျင်စလို ထွက်သွားလိုက်သည်။ သို့တိုင် သူက မြင်လိုက်ရသည်မှာ Jun Yixie မှာ ခြိမ်းခြောက်နေသည့် မျက်နှာဖြင့် Han Yunxi ၏ လည်တိုင်အား ဆုတ်ကိုင်ထားခြင်းပင်။

"သူမကို လွှတ်လိုက်။ ဒါမှမဟုတ်ရင် ဒီအရှင်က မင်းကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး။" Long Feiye ၏ ဒေါသမှာ ကောင်းကင်ထိ တက်သွားပြီ ဖြစ်သည်။

တစ်ဖက်တွင် Gu Qishao မှာ Mu Linger နှင့် စိတ်ရှုပ်ခံရန် အချိန်မရှိပဲ စိတ်မရှည်စွာ ပြောလိုက်သည်။ "Jun Yixie မင်းက စာရင်းရှင်းချင်ရင် အထဲဝင်ခဲ့။"

အကယ်၍ Jun Yixie မှ ဝင်မလာလျှင် အသားစားကြွက်များမှာ မှီလာတော့မည် ဖြစ်သည်။ သို့တိုင် Jun Yixie မှာ အမှန်တကယ်ပင် ခြင်္သေ့၏ ဝေစုအား ရည်ရွယ်ကာ ပြောလိုက်သည်။ " ဒီအရှင်က ဝင်လာလို့ ရတယ်။ ဒါပေမယ့် မင်းတို့အကုန်လုံးက ထွက်လာရမယ်။ မဟုတ်ရင် ဒီအရှင်က လိုက်လျောပေးဖို့ ဆန္ဒမရှိဘူး။"

ဆန္ဒမရှိဘူး!!!!

"မင်းက ဆန္ဒမရှိရင်တောင် အရှုံးပေးရမှာပဲ။" Gu Qishao မှာ ဓါးသွားယပ်တောင်အား ထုတ်ယူကာ တိုက်ခိုက်ရန်ပြင်လိုက်စဉ် Long Feiye မှာ ကြာပွတ်အား ထုတ်ယူကာ အပြင်သို့ရောက်နေပြီ ဖြစ်သည်။
ချက်ချင်းပင် Jun Yixie မှာ Han Yunxi ၏ လည်တိုင်အား တင်းကျပ်စွာ ဆုတ်ကိုင်ကာ အေးစက်စွာ ပြောလိုက်သည်။ "ဒီအရှင်က သူမကို အရင်သတ်နိုင်တယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now