အခန်း(၂၇၃)

87 19 0
                                    

အခန်း(၂၇၃)

ပြန်လာသော လူကြီးလူကောင်းနှင့် တွေ့ဆုံမိခြင်း။





Han Yunxi မှာ စူးရှစွာ အော်လိုက်ပြီး ရှဥ့်လေးထံမှ ဘူးလေးအား ယူလိုက်သည်။ သူမက အားများစွာ သုံးလိုက်သောကြောင့် သတ္တဝါလေးမှာ တုန်ကာ နောက်ဆုတ်သွားတော့သည်။ ထိုစဉ် Han Yunxi မှာ အလွန်ထိတ်လန့်နေပြီး သူမနှလုံးသားမှာ ထွက်ကျလာတော့ မတတ်ပင်။ သူမက Long Feiye နှင့် ပြင်းထန်စွာ ရန်ဖြစ်ခဲ့ပြီးနောက် ထိုပစ္စည်းအား ပြန်ပေးရန် မေ့နေခဲ့သည်။ ၎င်းက မည်သည့်နေရာမှ လာသည်ဖြစ်စေ အလွန်အရေးကြီးရမည်။ အကယ်၍ ရှဥ့်လေးမှ စားလိုက်လျှင် သူမက လက်ကျန်တစ်ဘဝလုံး Long Feiye အား မျက်နှာချင်း ဆိုင်နိုင်တော့မည်မဟုတ်ပေ။

ရှဥ့်လေးမှာ Han Yunxi ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ကြောက်ရွံ့သွားသည်။ သူက ဘောလုံးလေးကဲ့သို့ ကွေးနေရန် ကြိုးပမ်းလိုက်သော်လည်း အပြည့်အဝ စားသောက်ထားသဖြင့် ဝမ်းဗိုက်မှာ လုံးထွက်နေသည်။ သူက မကွေးနိုင်တော့ပဲ ခြေလက်များနှင့် ဦးခေါင်းမှာ ကျုံ့နေကာ Han Yunxi အား သနားစဖွယ် ကြည့်နေသည်။ Han Yunxi မှာ စိတ်ကူးလိပ်ပြာအိပ်မက်အား မစားသုံးထားရသေးကြောင်း စစ်ဆေးပြီးမှ အသက်ရှူနိုင်တော့သည်။ သူမက အမှန်တကယ်ပင် သေမတတ် ထိတ်လန့်သွားခြင်း ဖြစ်သည်။ သူမက ထိုပစ္စည်းမှာ မည်သည့်အရာမှန်းပင် မသိသဖြင့် အကယ်၍ ၎င်းမှာ ပျောက်သွားလျှင် Long Feiye အား မည်သည့်နေရာမှ အစားထိုးရှာပေးရတော့မည်နည်း။ သူမ၏ အာရုံကြောများမှာ တည်ငြိမ်သွားပြီးနောက် သူမက ရိုစ့်မယ်ရီဘူးလေးအား ပိတ်ကာ ရှဥ့်လေးအား စိုက်ကြည့်လိုက်သည်။

သခင်က အရမ်း ကြမ်းတမ်းတာပဲ!!!

ရှဥ့်လေးမှာ ပို၍ပင် ကျုံ့သွားတော့သည်။ သူ၏ အနက်ရောင် မျက်ဆံများမှာလည်း Han Yunxi ၏ ဆုံးဖြတ်ချက်အား  အပြစ်ကင်းစွာ စောင့်ဆိုင်းနေသည်။ Han Yunxi မှာ ထိတ်လန့်နေဆဲ ဖြစ်သော်လည်း ရှဥ့်လေး၏ အပြုအမူမှာ အလွန်အမင်း ချစ်စဖွယ်ကောင်းလှသဖြင့် သဘောကျနေသကဲ့သို့ စိတ်လည်း ဆိုးနေသည်။ အဆုံးတွင် သူမက ဘာလုပ်ရမယ်မှန်း မသိတော့ချေ။ သူမက ဘယ်လိုဖြစ်ပြီး အစားကြီးတဲ့ အကောင်လေးကို မွေးစားမိရတာလဲ။ ၎င်းမှာ အခြေခံအားဖြင့် စုဆောင်းထားသမျှ ဆုံးရှုံးသွားခြင်း ဖြစ်သည်။ သူက ဆေးမြို့တော်ဆေးဝါးဈေးကွက်မှ ဝယ်ယူထားသော ဈေးကြီးသည့် ပါဝင်ပစ္စည်းများနှင့် သူမကိုယ်တိုင်ပြုလုပ်သည့်အဆိပ်များ အပါအဝင် သူမ၏ အဆိပ်အိတ်နှစ်အိတ်အား စားသုံးလိုက်ပြီး ဖြစ်သည်။ အဆိပ်ဖြေစနစ်မှ အရန်ပစ္စည်းများမှာ အန္တရယ်အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now