အခန်း(၃၀၄)
Gu Beiyue ကို ဘာလို့ စုံစမ်းနေရတာလဲ။
ညမှာ တိတ်ဆိတ်နေကာ လူများမှာလည်း တိတ်ဆိတ်နေသည်။
သူ၏ နက်မှောင်သော မျက်ဆံများမှာ နက်ရှိုင်းကာ ညကောင်းကင်ကဲ့သို့ ကျယ်ပြန့်လှပြီး အရာအားလုံးအား ဆွဲယူဝါးမြိုသွားတော့မယောင်ပင်။ သူမ၏ မျက်ဝန်းများမှာ ကြည်လင်တောက်ပနေကာ တည်ငြိမ်နေသည့် ကန်ရေပြင်ကဲ့သို့ သန့်စင်လှရုံသာမက သေမျိုးကမ္ဘာမှ ဖုန့်မှုန့်များအား ဖယ်ရှားကာ ထာဝရ မပြောင်းလဲနိုင်သကဲ့သို့ပင်။
သူတို့က တစ်ယောက်နှင့်တစ်ယောက် ငေးကြည့်နေခဲ့စဉ် လောကတစ်ခွင်မှာလည်း တိတ်ဆိတ်နေသည်။
သူ၏ အသက်ရှူသံမှာ သူမ၏ မျက်နှာအား ပွတ်တိုက်လာသည်အထိ နီးကပ်လာသည်။ သူမက မလှုပ်ရှားသော်လည်း သူမနှလုံးသားမှာ ရင်ထဲတွင် အဆက်မပြတ်ခုန်ပေါက်နေသည်။ သူ၏ အကြည့်များမှာ သူမ၏ ပန်းရောင် နှုတ်ခမ်းသားများအပေါ် နားခိုလာသည်အထိ နိမ့်ဆင်းလာသည်။ ဖြည်းညင်းစွာဖြင့် သူက ခေါင်းစောင်းလိုက်ပြီး နီးကပ်လာသည်။ သူက အနမ်းတစ်ပွင့်အား ထိုကဲ့သို့ တိတ်ဆိတ်နွေးထွေးကာ နူးညံ့မှုနှင့် မည်သည့်အချိန်ကမှ စတင်ခဲ့ခြင်း မရှိပေ။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူမက သူ၏ ချဉ်းကပ်လာမှုအား ငြင်းဆန်ခြင်း သို့မဟုတ် သူ၏ အပြုအမူများအား ထိတ်လန့်ခြင်း မရှိပဲ ရိုးရှင်းစွာပင် စိတ်လှုပ်ရှားမိခြင်း ဖြစ်လေသည်။ မလှုပ်မယှက်ဖြင့် သူက နီးကပ်လာသည်အား ကြည့်ရှုနေမိသည်။ သူမ၏ မျက်တောင်များမှာ အကြိမ်အနည်းငယ် တဖျတ်ဖျတ်ခတ်သွားပြီးနောက် မျက်ဝန်းများအား မှိတ်လိုက်တော့သည်။သို့တိုင် ထိုအချိန်မှာပင် အခန်းတွင်းမှ Zhao မားမား၏ အသံမှာ ထွက်ပေါ်လာတော့သည်။ “လေးစားရတဲ့ဝမ်ဖေး ပြန်လာပြီလား။"
Long Feiye မှာ ချက်ချင်းပင် တောင့်တင်းသွားစဉ် Han Yunxi မှာ မျက်လုံးများပွင့်လာကာ အိမ်ထဲသို့ ကြည့်လိုက်လျှင် Zhaoမားမားမှ လမ်းလျှောက်ကာ ထွက်လာကြောင်း တွေ့လိုက်ရသည်။ နှစ်ယောက်သားမှာ နမ်းရှိုက်ရန် နီးကပ်နေစဉ် တောင့်တင်းသွားတော့သည်။ ထိုမြင်ကွင်းကြောင့် Zhao မားမားမှာ ပထမဆုံး မှင်သက် သွားပြီးနောက် စူးရှစွာ အော်လိုက်ရင်း ပြန်လှည့်ကာ အထဲသို့ ပြေးဝင်တော့သည်။