အခန်း(၃၃၄)

69 15 0
                                    

အခန်း(၃၃၄)

အိမ်ကိစ္စတွေ မင်းဆုံးဖြတ်။






Long Feiye မှာ အိမ်တော်တွင် နေ့လည်၌ရှိနေသည်မှာ ရှားပါးလှသည်။ Han Yunxi မှာ သူက ခန်းမထဲသို့ ဝင်လာသည်အား တွေ့လိုက်ရသည်။ Mu Qingwu မှာ စိတ်လှုပ်ရှားတုန်လှုပ်နေကာ ယနေ့တွင် ချင်ဝမ်နှင့် တွေ့ရလိမ့်မည် ဟု မထင်မှတ်ထားပေ။ သူက Han Yunxi အား အကူအညီတောင်းမိခြင်းအား နောင်တရနေသော်လည်း မတတ်သာပဲ ပျော်မိပြန်သည်။ အရှင့်သားချင်ဝမ်မှာ အသေအချာပင် အချိန်ကောင်း၌ ပေါ်လာသည်။

Mu Qingwu မှာ လျင်မြန်စွာပင် ဒူးတစ်ဖက်ထောက်လိုက်ပြီး အရိုအသေပေးလိုက်သည်။ “ဒီတပ်သားက အရှင့်သားချင်ဝမ်ကို နှုတ်ဆက်ပါတယ်။

Long Feiye မှာ သူ့အား ကြည့်လိုက်ပြီး “ထ..”

Long Feiye မှာ အမြဲတစေ အေးစက်နေသော်လည်း ယနေ့တွင် တစ်စုံတစ်ခုမှာ မူမမှန်ဟု ခံစားမိနေသည်။ သူက စိတ်အခြေအနေ ဆိုးရွားနေဟန် ရှိနေသည်။ Han Yunxi မှာ Mu Qingwu အား မည်ကဲ့သို့ ကူညီရမည်လဲဟု စဉ်းစားနေစဉ် Long Feiye မှာ ထိုင်လိုက်ကာ အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်ကိစ္စ ရှိသေးလား။"

ထိုစကားများကြောင့် Mu Qingwu နှင့် Han Yunxi တို့နှစ်ယောက်လုံးမှာ အနေခက်သွားတော့သည်။ Long Feiye မှာ ထိုင်ပြီးသည်နှင့် မေးခွန်းထုတ်လိုက်သည်​ --- သူက ရှင်းရှင်းလင်းလင်းပင် ဧည့်သည်အား ထွက်သွားရန် အမိန့်ပေးနေခြင်းပင်။ သူ၏ ထက်မြက်မှုဖြင့်ဆိုလျှင် Mu Qingwu မှ လာရောက်ရသည့် ရည်ရွယ်ချက်အား အလွယ်တကူ နားလည်နိုင်သည်။ သူ၏ လက်ရှိ အပြုအမူမှာ ကူညီပေးရန် ပွင့်လင်းစွာ ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ Han Yunxi မှာ စကားထပ်မပြောနိုင်တော့ပေ။ Mu Qingwu မှာလည်း အရူးတစ်ယောက် မဟုတ်ပေ။ အကယ်၍ ချင်ဝမ်မှာ ချင်ဝမ်ဖေး ရှေ့တွင်ပင် ဤသို့ဆိုလျှင် သူ့အတွက် မျှော်လင့်ချက် မရှိတော့ပေ။

စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း Mu Qingwu မှာ မျက်နှာတွင် ပြုံးထားဆဲဖြစ်သည်။ “အရှင့်သားချင်ဝမ်.. လေးစားရတဲ့ဝမ်ဖေး ဒီတပ်သားကို ခွင့်ပြုပါဦး။”

သို့သော် Han Yunxi မှာ ရုတ်တရက် ပြောလိုက်သည်။ “နေဦး။"

Long Feiye မှာ လက်ဖက်ရည်သောက်လိုက်ပြီး Han Yunxi အား စကားမဆိုပဲ ကြည့်လိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now