အခန်း(၂၆၀)

88 15 0
                                    

အခန်း(၂၆၀)

ယွင်ရှီး… မြန်မြန်သွားတော့……။






အဖြူဝတ်အမျိုးသားမှာ အချိန်မရွေး လဲကျသွားနိုင်သည်မှာ ရှင်းလင်းနေသော်လည်း သူ၏ အကြည့်များမှာ ကျောက်တုံးကဲ့သို့ တည်ငြိမ်လှသည်။ သူ၏ နုနယ်သော ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အဖြူဝတ်အမျိုးသား၏ ပြတ်သားသော မျက်လုံးများအား မြင်ရချိန်တွင် Jun Yixie မှာ မထိန်းချုပ်နိုင်ပဲ သိချင်နေသည်။ “အဲ့ဒီ သခင်မ Tianxin က အနောက်ချင် တော်ဝင်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်များ ဖြစ်နေတာလား။”

သဘာဝကျစွာပင် Jun Yixie မှာလည်း Han Yunxi အား ကိုယ်ပိုင် စုံစမ်းမှုများ ပြုလုပ်ထားသည်။ ထိုအမျိုးသမီးမှာ ဟန်မိသားစုတွင် မည်သည့်လျှို့ဝှက်ချက်မှ ရှိမနေပေ။ အကယ်၍ သူမထံတွင် ဆန်းကြယ်မှုများ ရှိနေလျှင် သူမ၏ မိခင် သခင်မ Tianxin မှ ဆင်းသက်လာခြင်း ဖြစ်ရမည်။

“သူမက ငါ့ကို အဆိပ်သားရဲ ရှာမပေးနိုင်သေးသရွေ့ အသက်ရှင်ရမယ်။"  အဖြူဝတ်အမျိုးသားမှာ အနည်းငယ်ပင် တုံ့ဆိုင်းမှု မရှိပဲ အေးစက်စွာ ပြောလိုက်သည်။

“ဆိုတော့ မင်းကလည်း အဆိပ်သားရဲနောက် လိုက်နေတာပေါ့။" ၎င်းမှာ Jun Yixie ၏ မူလအတွေးဖြစ်ခဲ့သည်။ ဝတ်စုံဖြူအမျိုးသား၏ တုံ့ပြန်မှုမှာ သူ၏ သံသယများအား သေချာသွားစေသည်။ အနောက်ချင်တွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် မိဘမဲ့ ရှိနေဦးမည်ဟု ယုံကြည်မည့်အစား သူက အဖြူဝတ်အမျိုးသား၏ စကားများအား ပို၍ ယုံကြည်ရန် ဆန္ဒရှိသည်။ အဆုံးတွင် လွန်ခဲ့သည့်နှစ်များက အနောက်ချင်၏ နောက်ဆုံးနန်းမွေခံမှာ မြှားထောင်ပေါင်းများစွာအောက်တွင် ရက်စက်စွာ သေဆုံးသွားရကြောင်း သူ၏ အဘိုးဖြစ်သူမှ မျက်မြင်တွေခဲ့လေသည်။ နန်းမွေခံမှာ ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး အနှီးထုတ်ထဲတွင်သာ ရှိနေသေးသည်။

အရိပ်မျိုးနွယ်စု၏ တင်းကျပ်သော စည်းမျဉ်းများအရ အနောက်ချင်တော်ဝင်မိသားစုမှာ ပျက်သုဉ်းသွားရလျှင် မျိုးနွယ်မှာလည်း အတူတကွ သုတ်သင်ရမည့်ဟု ပြဌာန်းထားသည်။ အဖြူဝတ်အမျိုးသား၏ လက်ရှိတွင် အသက်ရှင်နေမှုမှာ သူ၏ သိချင်စိတ်အား လှုံဆော်နိုင်ခြင်း မရှိပေ။ သူက မြင်ရသလောက် လူသားများမှာ တစ်ကိုယ်ကောင်းဆန်ကာ သေခြင်းတရားအား ကြောက်ရွံ့ကြသည်။ မည်သူတစ်ဦးတစ်ယောက်မှ အခြားတစ်ယောက်အတွက် သေဆုံးပေးရန် ဆန္ဒမရှိကြချေ။ တော်ဝင်မိသားစုမှ နောက်ဆုံးနန်းမွေခံ သေဆုံးသွားရပြီးနောက် အရိပ်မျိုးနွယ်စုမှ မျိုးနွယ်ဝင်တစ်ယောက်ချင်းစီတိုင်းမှာ လိုက်သွားပေးမည်ဟု သူက မယုံကြည်နိုင်ပေ။ မည်သို့ပင် ဖြစ်စေ စွန့်ခွာလာသူများ ရှိရမည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now