အခန်း(၃၁၃)

83 20 0
                                    

အခန်း(၃၁၃)

လေးစားဖွယ်။ တီးခတ်စရာမလိုပဲ အနိုင်ရခြင်း။






Han Yunxi မှာ မယ်တော်ကြီး၏ အံ့သြကာ မျက်ရည်ကျမတတ်ဖြစ်နေသည်အား မြင်ရသည်မှာ အလွန်ကျေနပ်နေသည်။ မူလတွင် ဆေးယပ်တောင်အား ထုတ်ပြရန် မလိုအပ်လောက် ဟုထင်မှတ်ထားသော်လည်း အဆုံးတွင် ၎င်းမှာ အသုံးဝင်လာဆဲ ဖြစ်သည်။ သူမက ထိုင်ခုံအား မှီရန် ပျင်းရိစွာ မတ်လိုက်သည်။ သူမ၏ လက်ထဲရှိ ဆေးယပ်တောင်မှာ ကြွရွစွာ လှုပ်ရှားနေကာ တစ်ဖက်စီတွင် ထိုးထားသော ဆေးပင်များအား လှစ်ဟာပြနေသည်။ မယ်တော်ကြီး၏ မျက်လုံးများမှာ သူမက မှားယွင်းစွာ မြင်မိသည်အား စိုးရိမ်နေသည့်အလား Han Yunxi ၏ လှုပ်ရှားမှုတိုင်းအား ကြည့်ရှုနေသည်။ တစ်ချက်အကြည့်လွှဲလိုက်လျှင်ပင် ဆေးယပ်တောင်မှာ ပျောက်သွားမည့်အတိုင်းပင်။

မယ်တော်ကြီးမှာ လက်ဆောင်များ လက်ခံရသည်အား နှစ်သက်သော်လည်း ၎င်းမှာ ဧည့်သည်များထံမှ လေးစားမှုနှင့် မထင်မှတ်ထားသော အံ့အားသင့်စရာများအား နှစ်ခြိုက်ခြင်း ဖြစ်သည်။ ထိုသည်နှင့် ယှဉ်လိုက်လျှင် သူမက Han Yunxi ၏ ယပ်တောင်အား အပြင်းအထန် လိုအပ်နေသည်။ Chu Qingge မှာ နေရာတွင် ရပ်နေဆဲဖြစ်ပြီး မယ်တော်ကြီးမှ စကားပြောလာမည်အား စောင့်ဆိုင်းနေသည်။ စကားအလယ်တွင် ရပ်တန့်နေပြီးနောက် ထိုအမျိုးသမီးကြီးမှာ သူမအား အပြည့်အဝပင် လျစ်လျူရှုထားသည်။ မယ်တော်ကြီးမှာ အဘယ်ကြောင့် မှင်သက်နေမှန်း သူမက မသိပေ။

Han Yunxi နှင့် Long Feiye မှာ မွေးနေ့စားပွဲတွင် အခက်အခဲများ လုံလောက်စွာ ဖန်တီးပေးပြီး ဖြစ်သဖြင့် မယ်တော်ကြီးမှာ သူတို့အား ခက်ထန်စွာ ဆက်ဆံသင့်သည်။ အကယ်၍ သူမက Long Feiye အား အနိုင်မယူနိုင်လျှင် မည်ကဲ့သို့ Han Yunxi အား လွှတ်ပေးနိုင်မည်နည်း။ မယ်တော်ကြီးက ဘာလို့ အခွင့်အရေး မယူသေးတာလဲ။

"လေးစားရတဲ့မယ်တော်ကြီး ချင်ဝမ်ဖေးက အနိုင်ကျင့်နေတာပဲ။ မယ်တော်ကြီးက ကျွန်မရဲ့ ကိစ္စကို ဆုံးဖြတ်ပြီး ထောက်ပံ့ပေးရပါမယ်။" Chu Qingge ၏ စကားမှာ ပို၍ပင် ဗြောင်ကျလာသည်။

"အိုက်ယား.. မိန်းကလေးချူ လူတိုင်းက ကြည့်နေကြတယ်။ ငါက မင်းကို ဘယ်တုန်းကများ အနိုင်ကျင့်နေလို့လဲ။ ငါက ဘယ်တုန်းကများ တစ်ခုခုကို သဘောတူခဲ့လို့လဲ။" Han Yunxi ၏ အနှောင့်အယှက်ဖြစ်မနေသော စိတ်အခြေအနေမှာ ထိုမိန်းကလေးအား သေမလောက် ဒေါသထွက်စေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now