အခန်း(၃၇၄)
မျှော်လင့်ချက်မဲ့။ မြောက်ပိုင်းလီအား ဆွဲသွင်းခြင်း။
ငွေသားပဲ လက်ခံတယ်။
Han Yunxi မှာ ဆိုင်ရှင်Lin ၏ စကားများကြောင့် ကျယ်လောင်စွာ ရယ်မောမိလုနီးပါး ဖြစ်သွားသည်။ ထိုလုပ်ရပ်များ အားလုံးပြီးနောက် ၎င်းမှာ သူတို့၏ ရည်ရွယ်ချက် မဟုတ်လော။ နောက်ဆုံးတွင် ဆိုင်ရှင် Lin မှာ ကိုယ်တိုင် ပြောလာသည်။ အကယ်၍ သူမက ညှိနှိုင်းမှုတွင် စပါးတန်ဖိုးအား ငွေသားဖြင့် ပေးချေမည်ဟု စတင်ခဲ့လျှင် ဆိုင်ရှင် Lin ၏ အထက်လူများထံမှ အသေအချာပင် သံသယဝင်ခံရမည် ဖြစ်သည်။ သူတို့၏ ကမ်းလှမ်းမှုမှာ တော်ဝင်ဦးလေး၏ နားသို့ မရောက်ခင်ပင် မောင်းထုတ်ခံရနိုင်သည်။
သို့သော် ဆိုင်ရှင် Lin မှာ ထိုစကားများ ပြောလာသောကြောင့် Han Yunxi မှာ သူမက ဤအပေးအယူအတွက် ရှစ်ဆယ် ရာခိုင်နှုန်းလောက် သေချာပြီဖြစ်ကြောင်း သိနေသည်။ သူမရှေ့တွင် ဤခဏတွင်ပင် ငွေအိတ်ကြီးမှာ ရပ်နေသည်။ သို့ဖြစ်၍ သူမက ရက်ရောစွာ ပြောလိုက်သည်။ “စပါးရှိသရွေ့ ငွေသားက ပြသနာမဟုတ်ဘူး။"
Han Yunxi မှာ ချမ်းသာသော သခင်မလေး ဖြစ်ကြောင်း ဆိုင်ရှင် Lin မှာ ပြောနိုင်သော်လည်း သူမက ထိုသို့ ဗြောင်ကျလှမည်ဟု မထင်မှတ်ထားပေ။ “ဟီးဟီးဟီး ကြည့်ရတာ မိန်းကလေးက တကယ်ပဲ အရေးတကြီး စပါးလိုအပ်နေတယ်ထင်တယ်။" ဆိုင်ရှင် Lin မှာ လက်မလျော့ပဲ ဆက်လက် အစ်အောက်နေသည်။
“ဟင်းဟင်း…" Han Yunxi ၏ လျှို့ဝှက်ဆန်းကြယ်သော အပြုံးမှာ တစ်နည်းတစ်ဖုံဖြင့် ဆိုးသွမ်းလှသည်။ ဆိုင်ရှင် Lin မှာ သူမ၏ အမူအရာအား ဂရုတစိုက် ချိန်ဆပြီးနောက် အပေးအယူမှာ ဖော်ဆောင်နေဆဲဖြစ်မှန်း သိနေသည်။
သူက ချက်ချင်းပင် လေသံပျော့သွားတော့သည်။ “မိန်းကလေးက အရမ်းထူးခြားတဲ့ အငွေ့အသက်ရှိပါတယ်။ မင်းက ထူးခြားတဲ့ သူတစ်ယောက်ဖြစ်ရမယ်။ မိန်းကလေးရဲ့ ဇာတ်မြစ်က… ဟင်းဟင်း ဒီအဘိုးကြီး မခန့်မှန်းနိုင်မှာတောင် ကြောက်မိတယ်။"
Han Yunxi ၏ နှုတ်ခမ်းများမှာ မောက်မာနေဟန် ကွေးညွှတ်သွားသည်။ သူမက အနည်းငယ်ပင် နိမ့်ချနေခြင်း မရှိပဲ တုံ့ပြန်လိုက်သည်။ “ဆိုင်ရှင် Lin က အမြင်ကောင်း ရှိတာပဲ။”