အခန်း(၂၂၉)

93 17 4
                                    

အခန်း(၂၂၉)

အမှန်တရား သူဘယ်သူလဲ။








Luo Zuishan မှာ မထိမဲ့မြင် ပြုမူနေသော်လည်း သူ၏ ရင်ထဲတွင်မူ ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ ၎င်းမှာ ပြန်ပေးဆွဲမှုကြောင့် မဟုတ်ပဲ Han Yunxi အား လှည်းထဲတွင် မေးလုနီးပါး မေးခွန်းကြောင့်ဖြစ်သည်။ --- အဲ့ဒီကောင်လေး Gu Qishao က ဘာလုပ်နေလဲ။--- သူက Gu Qishao ၏ အရွယ်ရောက်လာမှုအား စောင့်ကြည့်ခဲ့ရသူဖြစ်သဖြင့် ကမ္ဘာပေါ်တွင် Gu Qishao အား သူ့ထက် နားလည်နိုင်မည့် မရှိနိုင်ပေ။

Gu Qishao မှ ထုတ်ဖော်ပြောဆိုလာသည့် မည်သည့် အမျိုးသမီးမဆို ရိုးရှင်းမည် မဟုတ်ပေ။

ထို့အပြင် Gu Qishao မှာ သူမအား အချိန်တိုင်း အဆိပ်ကောင်မလေးဟု ခေါ်ဆိုကာ အမှန်တကယ်ပင် ကြိုးစားပမ်းစား ကူညီပေးနေသည်။ Gu Qishao အတွက်ကြောင့်သာ မဟုတ်လျှင် ယခုအချိန်တွင် Han Yunxi  နှင့် Gu Beiyue  မှာ သေမိန့်ကျခံရလောက်ပြီ ဖြစ်သည်။

“ဘာမှ မထူးခြားဘူးဆိုတာက ဘာထူးခြားတာလဲ။" Gu Qishao  ၏ စကားသံမှာ သူ့အား သစ္စာဖောက်ကာ စိုးရိမ်ပူပန်မှုများ ပါလာသည်။ သူက အမြဲတစေ ကိုယ်ပိုင် နည်းလမ်းများဖြင့်သာလုပ်ဆောင်ကာ ရက်စက်တတ်သည့် အမျိုးအစားဖြစ်သည်။ အဘယ်ကြောင့် အခြားသူတစ်ဦး၏ ထင်မြင်ချက်က သူ့အတွက် ရုတ်တရက် အရေးကြီးနေရပါသနည်း။

Luo Zuishan  မှာ မယုံကြည်နိုင်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။ “ကောင်လေး.. မင်းသူမရဲ့ အဆိပ်ပညာကို သဘောကျတာလား ဒါမှမဟုတ် သူမကို သဘောကျတာလား။"

အတွေးများ ပြန့်ကျဲနေသည့် Gu Qishao မှာ စက္ကန့်ပိုင်းလောက် အတွေးထဲ နှစ်မြှုပ်သွားပြီးမှ ဆုံးဖြတ်ချက်ချထားဟန်ဖြင့် လေးနက်စွာ ဖြေလိုက်သည်။ “ဒါပေါ့.. သူမရဲ့ အဆိပ်ပညာ..”

“သူမရဲ့ အဆိပ်ပညာမှာ ဘာမှတ်သားရလောက်အောင် ထူးခြားတာရှိလို့လဲ။ မင်းထက် ကောင်းလို့လား။ သူမက အဲ့ဒီအဆိပ်အပ်တွေကို သုံးတာ ငါမြင်ရသလောက်တော့ သိပ်ပြီး ကြည့်စရာမရှိဘူး။" Luo Zuishan  မှာ တမင် နိမ့်ချလိုက်သည်။ သူက လုပ်ကြံရေး လက်နက်များနှင့် ပတ်သက်၍ နားလည်ထားခြင်း မရှိသော်လည်း ထိုအပ်များ၏ အရှိန်မှာ ထူးခြားကြောင်း ပြောနိုင်သေးသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now