အခန်း(၃၅၄)

63 13 0
                                    

အခန်း(၃၅၄)

မြစ်တစ်စင်းကဲ့သို့ တိုးတက်လာသော လေးစားမှုများ။






Chu Xifeng မှာ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ပျံ့နှံ့နေသော သတင်းများအား စုံစမ်းကာ ကြားရသမျှအား ပျော်ရွှင်နေသည်။ အရှင့်သားမှာ အိမ်ရှေ့စံ၏ မင်္ဂလာပွဲမှ ကြီးကျယ်သော သတင်းဖြစ်လာချိန်တွင် ဝင်ရောက်စွက်ဖက်ချင်ခဲ့သည်။ မထင်မှတ်စွာပင် လေးစားရတဲ့ဝမ်ဖေး၏ နည်းလမ်းမှာ အရှင့်သားအား အချိန်ကုန် လူပင်ပန်းသက်သာ စေသည်။

“နန်းတော်က မိန်းမစိုးတွေ ပြောတာ ကျွန်တော်က ကြားခဲ့ရသလောက် မယ်တော်ကြီးက လက်ဖွဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိမ်ရှေ့စံနဲ့ အငြင်းပွားကြပါတယ်တဲ့။ အရှင့်သား လေးစားရတဲ့ဝမ်ဖေးက တကယ်ပဲ ဥာဏ်ကောင်းလွန်းတယ်။"

Long Feiye မှာ ပေါ့ပါးစွာ လက်ဖက်ရည်သောက်နေပြီး တုံ့ပြန်လိုက်သည်။ “အင်း… သူမက အရမ်း ဥာဏ်ကောင်းတယ်။"

“ဟုတ်ပါတယ်မလား။ လေးစားရတဲ့ဝမ်ဖေးက အရမ်းထက်မြက်တယ်ဆိုတာ ကျွန်တော်တို့က ဘာလို့ အရင်က မသိခဲ့တာပါလိမ့်။" Chu Xifeng မှာ ရောက်ရှိလာမည့် မွေးနေ့စားပွဲအား အလွန်မျှော်လင့်ထားကာ ပီတိဖြစ်နေသည်။

တုံ့ပြန်မှု အနေဖြင့် Long Feiye မှာ စကားမဆိုပဲ ရိုးရှင်းစွာသာ ပြုံးလိုက်သည်။ Chu Xifeng ပင် သခင်ဖြစ်သူ၏ ဆွဲမက်ဖွယ် အပြုံးကြောင့် ခဏကြာ အံ့အားသင့်သွားသည်။ ကောင်းပြီ.. ငါ့လို ယောကျာ်းတစ်ယောက်ကတောင် သူပြုံးလိုက်ရင် ချောလွန်းတယ်လို့ တွေးမိတယ်။ သူက မကြာခဏ မပြုံးတာ နှမျောစရာပဲ။

အုတ်အောင်သောင်းနင်းများအလယ်တွင် သတင်းမှာ ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် ကြင်ယာတော်ကြီး Yi ၏ မွေးနေ့မှာ ရောက်ရှိလာသည်။ ချင်ဝမ်အိမ်တော်မှာ လူစုလူဝေးအား ရှောင်ဖယ်လေ့ရှိကာ မြေကြီးတုန်လှုပ်သွားစေနိုင်သည့် သတင်းမျိုးဖြစ်ပါစေ နှောင့်ယှက်ခံရခြင်းအား မနှစ်မြို့ပေ။ ထို့ကြောင့် Han Yunxi မှာ ပွဲ နေရာအား မြို့တော်၏ အနောက်စွန်တွင် တည်ရှိသော အရံနန်းဆောင်အား ရွေးချယ်ခဲ့သည်။ ကြင်ယာတော်ကြီးYi နှင့် မယ်တော်ကြီးတို့ နှစ်ယောက်လုံးမှာ ထင်ရှားကာ အထက်တန်းလွှာမှ သူများ ဖြစ်သည်။ ကြင်ယာတော်ကြီးYi ၏ မွေးနေ့စားပွဲမှာ မယ်တော်ကြီး၏ မွေးနေ့စားပွဲကဲ့သို့ပင့် အံ့အားသင့်ဖွယ်ဖြစ်ကာ တက်ကြွလာသော ဧည့်သည်များ၏ အတိုင်းအတာမှာလည်း နှိုင်းယှဉ်နိုင်သည်။ တစ်ခုတည်းသော နိမ့်ကျရသည့်အချက်မှာ ဧကရာဇ် Taihui မှ တက်ရောက်ခြင်း မပြုတာပင်။ အသေအချာပင် သူက ကိစ္စများအား လျှို့ဝှက်စွာ စောင့်ကြည့်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version जहाँ कहानियाँ रहती हैं। अभी खोजें