အခန်း(၂၃၈)

84 16 0
                                    

အခန်း(၂၃၈)

Han Yunxi က သူမရဲ့ ကိုယ်ကျင့်တရားကို ဘေးဖယ်ထားတယ်။





မဲဆွဲသော ကိစ္စများမှာ အပြည့်အဝပင် ကံတရားအပေါ် မူတည်လေသည်။ Han Yunxi ၏ ကံတရားမှာ အမြဲတစေ ကောင်းမွန်သော်လည်း ဤတစ်ကြိမ်တွင်.. ကောင်းပြီ ။ သူမ၏ စာရွက်တွင် ပထမဟု ရေးထားစဉ် တတိယအကြီးအမှူးမှာ နောက်မှ ဖြစ်လေသည်။

သူမက အရင်ပဲ။ အခုဘယ်လို လုပ်မလဲ။

မိုးရွာလျှင် ရေကျမည်။ Han Yunxi မှာ စာရွက်ပေါ်ရှိ စာလုံးအား ကြည့်နေကာ သူမ၏ အနည်းငယ် ဖြူဖျော့နေသည့် မျက်နှာမှာ အမူအရာကင်းမဲ့သွားသည်။ သူမက ဘာတွေးနေမှန်း သိရှိရန် ခက်ခဲလှသည်။ တတိယအကြီးအမှူးမှာ သူမ၏ ပထမ ဆိုသည်အား မြင်လျှင် နှုတ်ခမ်းများမှာ ကျေနပ်စွာ ကွေးညွှတ်သွားသည်။ သူက တမင်ပင် ကုတင်ရှေ့မှ ဖယ်ကာ  Han Yunxi အား နေရာပေးလိုက်သည်။

“ချင်ဝမ်ဖေး ကျေးဇူးပြုပြီး အဆိပ် ကုသပါ..”

“ဟင်းဟင်းဟင်း…အဆိပ်ကို ကုသပြီးရင် Tianning အိမ်ရှေ့စံက အဆိပ်ကို ကုသပြီးရင် အပြည့်အဝ ပြန်သက်သာလာမှာလား။" သခင်မ Lianxin မှာ အေးစက်စွာ ပြုံးရင်း မေးလိုက်သည်။ သူမက Han Yunxi မှ အရှုံးပေးကြောင်း ဝန်ခံသည်အား စောင့်မျှော်နေသော်လည်း သူမ မျက်နှာတည့်တည့်တွင်သာထေ့ငေါ့ခံလိုက်ရသည်။

“အထင်အရှားပဲ.. ရှင်က မေးစရာ လိုသေးလို့လား။"

သခင်မ Lianxin မှာ တောင့်တင်းသွားတော့သည်။ မည်သို့ တုံ့ပြန်ရမယ်မှန်း မသိတော့ချေ။ သူမက မုန်းတီးမှုအား သူမကိုယ်၌သာ သိမ်းထားနိုင်သည်။ ထိုစဉ် Han Yunxi  မှာ ကုတင်သို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လျှောက်သွားလိုက်သည်။

“တတိယအကြီးအမှူး ဒါဆိုရင် ဒီဂျူနီယာက ယဉ်ကျေး မနေတော့ပါဘူး။"

တတိယအကြီးအမှူးနှင့် သခင်မ Lianxin မှာ Han Yunxi ၏ ရပ်တည်မှုကြောင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြကာ မယုံကြည်နိုင်ဖြစ်နေသည်။ Han Yunxi မှာ အမှန်တကယ်ပင် တစ်ခုခုလုပ်နိုင်မည်ဟု သူတို့က မထင်ထားပေ။

“ကျေးဇူးပြုပြီး ဆက်လုပ်ပါ။" တတိယအကြီးအမှူးမှာ အသံ ကျယ်လောင်စွာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now