အခန်း(၂၄၈)

83 16 0
                                    

Warning:::: မြွေကြောက်တတ်သူများ သတိပြုပါနော်။
--------------------------

အခန်း(၂၄၈)

Tang Li ၏ သံသယများ။





Han Yunxi က ဒီမှာ ရှိနေတယ်။ ဒါပေမယ့် ဘယ်မှာလဲ။ ဘာလို့ သူ့ကို မကြားတာလဲ။

အကယ်၍ သူ၏ ရှေ့ရှိလူမှာ Gu Qishao မဟုတ်ပဲ တခြားသူတစ်ယောက်ဆိုလျှင် သူက သံသယများ ဝင်မိမည် ဖြစ်သည်။ ​သူ၏ ပတ်လည်တွင် မြွေဟောက်များ အများအပြား ရှိနေသော်လည်း ၎င်းတို့မှာ သာမာန်အဆိပ်များသာ ဖြစ်သည်။ ၎င်းတို့၏ အဆိပ်များမှာ Han Yunxi အတွက် ဘာမျှမဟုတ်သောကြောင့် သူမက အန္တရယ်ကင်းနေသင့်သည်။ သို့တိုင် စကားပြောလိုက်သူမှာ Gu Qishao ဖြစ်သဖြင့် Long Feiye မှာ နှစ်ကြိမ်ပင် မစဉ်းစားနိုင်ပဲ အလွန်အမင်း စိုးရိမ်သွားသည်။ Han Yunxi မှာ Gu Qishao နှင့် အတူလိုက်လာကာ ကောင်းကင်တွင်းနက်တွင် အဆိပ်သားရဲသွေးအား ရှာဖွေခြင်းမှာ ဖြစ်နိုင်ချေရှိသည်။ တုန်ရင်သွားပြီး Long Feiye မှာ ကျောဘက်မှ အတွင်းအားများ ထုတ်လွှတ်လိုက်ပြီး ပုခုံးပေါ်ရှိ Gu Qishao ၏ လက်အား ကြမ်းတမ်းစွာ ဖယ်ရှားလိုက်သည်။ သူက အမှန်တကယ်ပင် မည်မျှ စိတ်ဆိုးဒေါသထွက်လာကြောင်းပင် သတိမပြုမိပေ။

“သူမ ဘယ်မှာလဲ။"

သို့တိုင် Gu Qishao မှာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ သူမက ဆေးပညာသင်တန်းကျောင်းမှာ ရှိနေတုန်းပဲ။"

“Gu Qishao မင်းက ဒီအရှင်ကို လိမ်ဝံ့တယ်။”Long Feiye မှာ ဒေါသတကြီးဖြစ်နေသည်။ သူက လက်ချောင်းထိပ်တွင်ပင် လှည့်ဖြားခံရသော အ​ကြိမ်များအား ရေတွက်နိုင်သော်လည်း လိမ်ညာခြင်းအား လက်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ဒီလူကြီးမင်းအတွက် ဂုဏ်ယူစရာပါ။"  Gu Qishao မှာ စိတ်အခြေအနေ အလွန်ကောင်းမွန်နေသည်။

“Long Feiye..မြန်မြန် သွားတော့..အဲ့ဒီ မြွေတွေက ဆေးကျွေးထားခံရတယ်။” Han Yunxi မှ ဤနေရာတွင် မရှိကြောင်း ကြားလိုက်သည်နှင့် Tang Li မှာ အော်လိုက်သည်။ သူက Long Feiye နှင့် Gu Qishao တို့၏ တစ်ဖက်အဝေးတစ်နေရာတွင် ဆင်းသက်လာသည်။ များပြားလှသော အဆိပ်မြွေများအား ရင်ဆိုင်ရချိန်တွင် သူ၏ ပြောင်မြောက်လှသည့် လုပ်ကြံရေး လက်နက်များမှာ အသုံးမဝင်တော့ပေ။ သို့တိုင် သူ့ထံတွင် Long Feiye ၏ ငွေချည်လက်အိတ်တစ်ခုရှိနေပြီး ၎င်းတို့အား လက်ဗလာဖြင့် တိုက်ခိုက်နိုင်သေးသည်။ သို့တိုင် မြွေများမှာ များပြားလွန်းပြီး ကြမ်းကြုပ်လှသည်။ အကယ်၍ ဤသို့ ဆက်ဖြစ်နေလျှင် သူက မထိန်းနိုင်တော့ပေ။ အကယ်၍ Han Yunxi မှ ရှိမနေလျှင် သူတို့က ချက်ချင်း ​ဤနေရာမှ ထွက်ခွာသင့်သည့်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now