အခန်း(၃၆၈)

75 15 0
                                    

အခန်း(၃၆၈)

ဘေးသင့်ဒေသများသို့ မသွားဘူး။





မြင်းလှည်းမှာ သန်းခေါင်တွင် ထျန်းနင်မှ ပေါ့ပါးစွာ ထွက်ခွာသွားသည်။ Han Yunxi မှာ ပြီးခဲ့သည့် အချိန်များတွင် အတော်လေးပင်ပန်းနေပြီး အိပ်ရန် စိတ်ကူးထားသော်လည်း သူတို့က မြို့စွန်သို့ ရောက်သည်နှင့် Long Feiye မှာ အနောက်တောင်ဘက်သို့ သွားရန် အမိန့်ပေးလိုက်သောကြောင့် အံ့အားသင့်သွားတော့သည်။

ထျန်းနင် အငတ်ဘေးမှာ တိုင်းပြည် အလယ်ရှိ အဓိကနေရာကြီး သုံးနေရာတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။ မြို့တော်မှာ မြောက်ပိုင်းတွင် ရှိနေပြီး နည်းလမ်းကျစွာ ဆိုရလျှင် သူတို့က တောင်ဘက်သို့ ဦးတည်သင့်သည်။ ဘာလို့ Long Feiye က အနောက်တောင်ဘက်ကို ဦးတည်နေတာလဲ။

အံ့အားသင့်နေသည့် Han Yunxi မှာ မေးမြန်းလိုက်သည်။ “ဝမ်ရယ် ရှေ့မှာ ခြုံခိုပြီး စောင့်နေတာ ရှိလို့လား။"

သူတို့က Long Feiye ၏ ဒဏ်ရာရသော သတင်းအား ဖုံးကွယ်ထားသော်လည်း လုပ်ကြံသူမှာ သတင်းဖြန့်လိုက်မည်လား မပြောနိုင်ပေ။ တိမ်တိုက်ကုန်းမြေကြီးမှ လူများစွာမှာ Long Feiye အား သေစေလိုကြသောကြောင့် သူတို့က လမ်းတစ်လျှောက် သတိကြီးစွာ ထားရမည်မှာ သဘာဝပင် ဖြစ်သည်။

“ကိုယ်က မင်းကို နေရာတစ်ခု ခေါ်သွားမလို့။" Long Feiye မှာ တုံ့ပြန်လိုက်ပြီး မြင့်မားသော ခေါင်းအုံးအား ပျင်းရိပျင်းတွဲဖြင့် မှီထားသည်။ သူက အထင်အရှားပင် စိတ်အေးလက်အေးရှိနေကာ မျက်လုံးများပင် မှိတ်ထားသည်။ မည်သို့ပင်ဖြစ်စေ သူက ဒဏ်ရာရရှိထားသူနှင့် မတူညီပေ။ အငတ်ဘေး၏ ရှုပ်ထွေးမှုများကြောင့် ဒုက္ခရောက်နေသူနှင့် ပို၍ မတူညီပေ။

သူက ဒီလို အချိန်မျိုးမှာ ငါ့ကို ဘယ်ခေါ်သွားမလို့လဲ။

ထိုနေရာမှာ ဘေးသင့်ဒေသများဖြင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေရမည်ဟု Han Yunxi မှာ ခန့်မှန်းလိုက်သော်လည်း အသေးစိတ်အချက်များအား မစဉ်းစားနိုင်ပေ။ သူမက ပြတင်းပေါက်အား မှီကာ အပြင်ရှိ ညရှုခင်းအား သိချင်စွာ ကြည့်လိုက်သည်။ အမှန်ဆိုရလျှင် သူမက ဤရှည်လျားသော လမ်းအား ယခင်က သွားခဲ့ဖူးခြင်း မရှိချေ။။ ထို့နောက် သူမက အလွန်ပင်ပန်းနေကာ မကြာခင်ပင် အိပ်ပျော်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now