အခန်း(၂၀၉)

94 16 2
                                    

အခန်း(၂၀၉)

ရူးမိုက်လွန်းတယ်။ ရိုးအ လွန်းတယ်။







Han Yunxi မှာ အလွန်အမင်း စိုးရိမ်နေသည်။ လှည်းပေါ်တွင် ရှိစဉ်က သူမက တုံ့ဆိုင်းနေမိသည်။ အထူးသဖြင့် သူမက Murong Wanru အား အရင်ဆုံး ထိခိုက်စေမိသူဖြစ်သဖြင့် ဆေးပညာကျင့်ဝတ်များမှာ ထိုမိန်းကလေးအား ကယ်တင်ရန် ညွှန်ပြနေသည်။  စွမ်းအားမြင့် နာကိုဆစ် အဆိပ်အပ်ငါးချောင်းမှာ Murong Wanru အား ဟင်းရွက်တစ်ရွက်ကဲ့သို့ ဖြစ်သွားစေနိုင်သည်အထိ သတိလစ်သွားနိုင်သည်။ အချိန်မှာ များစွာ မကျန်တော့ပေ။ သို့တိုင် လူသားသစ်ပင် ဖြစ်နေခြင်းမှာ Murong Wanru ၏ ပါးစပ်အား ပိတ်ထားရန် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း သူမသိနေသည်။

သူမက ဤကဲ့သို့ တွေးနေ၍ မသင့်တော်မှန်း သိနေသော်လည်း ယုတ္တိကျမှုနှင့် ခံစားချက်များမှာ ဤတွင် လွန်ဆွဲနေသည်။ Murong Wanru ၏ လက်ရှိ ရလဒ်မှာ သူမ (Murong Wanru)၏ ကိုယ်ပိုင် အပြုအမူများကြောင့်သာဖြစ်သည်။ Murong Wanru  မှာ သူမအား တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် အမှုဆင်သည်အား ခွင့်လွှတ်ပေးနိုင်သေးသော်လည်း ယခုတွင် သူမက ကြင်ယာတော်ကြီး Yi အားပါ လုပ်ကြံကာ သူမအား စွပ်စွဲချင်နေသည်။ သူမက ဒီထက်ပိုပြီး သည်းခံပေးနေရဦးမှာလား။

Han Yunxi  ၏ ရှင်းပြမှုအား ကြားလျှင် Long Feiye ၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒများမှာ ပို၍ ပြင်းထန်လာသည်။ သူက ဤမိန်းမအား စိတ်ကူးလိပ်ပြာအိပ်မက်အား လေ့လာရန်ပေးထားသော်လည်း သူမက အကြောင်းအရာများစွာ သိနိုင်သည်ဟု မဆိုလိုပေ။ သူက ကြင်ယာတော်ကြီး Yi ၏ သားမဟုတ်ကဲ့သို့ ဧကရာဇ် Taihui နှင့်လည်း တော်စပ်မှု မရှိချေ။ ကြင်ယာတော်ကြီး Yi မှ ဤအချက်အား ပိရိစွာ ဖုံးကွယ်ထားနိုင်သည်ဟု တွေးထင်နေသော်လည်း ပြီးခဲ့သည့် ဆယ်နှစ်တွင် ထန်မျိုးနွယ်မှာ သူ့အား အမှန်တရားဖြင့် ရှာဖွေလာသည်။

“အများဆုံး သူမက လက်ဖက်ရည်တစ်ခွက်သောက်စာပဲ ရတော့မယ်။အဲ့တာပြီးရင် သူမကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး။" Han Yunxi မှ ပြောလိုက်သည်။ ထိုစဉ် အစောင့်အကြပ်များနှင့် အစေခံများမှာ အလျင်စလို ရောက်လာကြပြီး လှည်းထဲမှ လူများအား ကယ်ဆယ်ရန် ပြင်ဆင်နေကြသည်။ ထိုအခြင်းအရာအား မြင်လျှင် Long Feiye မှာလည်း လမ်းလျှောက်သွားသည်။ Han Yunxi မှာ သူ၏ နောက်ပြန်လှည့်သွားသည့် ပုံစံအား ကြည့်ရင်း ပုံမှန်မဟုတ်သည့်အရာ တစ်ခုမှမတွေခဲ့ပေ။ သူကလည်း အံ့အားသင့်သွားမည်ဟု သူမက ယူဆခဲ့သည်။ အဆုံးတွင်မူ တစ်နေ့တွင် တစ်ယောက်ယောက်မှ သူ၏ မိဘမှ သားသမီးမဟုတ်မှန်း ရုတ်တရက် သိရှိလာလျှင် ကမ္ဘာပေါ်မှာ အတည်ငြိမ်ဆုံးသူတစ်ယောက်တောင်မှ တစ်စုံတစ်ရာအား ခံစားရမည်မလား။ သူမက အစောင့်များအား ဖယ်ရှားရန် လက်ဝှေ့ယမ်းလိုက်ပြီး လှည်းအား ကိုယ်တိုင်တည့်မတ်လိုက်သည့် Long Feiye ​၏ နောက်သို့ အလျင်အမြန် လိုက်သွားလိုက်သည်။ သူက လိုက်ကာများအား မလိုက်ချိန်တွင် Murong Wanru နှင့် ကြင်ယာတော်ကြီး Yi မှာ အတူတကွ သတိလစ်နေသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများမှာ ပြင်းထန်စွာ ထိတ်လန့်ကာ ဒဏ်ရာများရှိနေသည်။ Han Yunxi  မှာ မကြည့်တော့ပဲ တစ်ဖက်တွင် ရပ်နေသည်။ ဖြည်းညင်းစွာ အချိန်မှလည်း ရွေ့လျားနေသည်။ သူမ၏ စိတ်ထဲတွင်လည်း ရှုပ်ထွေးနေသည်။ သူမက ဤအမျိုးသား၏ အေးစက်ကာ နက်မှောင်သော မျက်ဆံများမှ အတွေးများအား နားမလည်နိုင်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now