အခန်း(၃၀၇)

95 20 2
                                    

အခန်း(၃၀၇)

မယ်တော်ကြီး၏ မွေးနေ့စားပွဲ (၁)


Han Yunxi မှာ စောင့်နေသော်လည်း Long Feiye မှာ ပေါ်မလာသေးပေ။ Zhao မားမားပင် စတင်ကာ သံသယဝင်လာတော့သည်။ “ လေးစားရတဲ့ဝမ်ဖေး အရှင့်သားက မတက်ရောက်ဖို့ စိတ်ကူးထားတာတော့ မဟုတ်… မဟုတ်ဘူးမလား။"

“သူက ဒုက္ခတစ်ခုခုနဲ့ တွေ့နေမှာပဲ ကျွန်မက စိုးရိမ်တာ…”  Han Yunxi မှာ လက်ရှိ နိုင်ငံရေး အခြေအနေအား ဖမ်းဆုတ်မိထားဆဲဖြစ်သည်။ သဘောထားအရနှင့် ယုတ္တိကျစွာ ဆိုရလျှင် Long Feiye မှာ မယ်တော်ကြီး၏ မွေးနေ့စားပွဲသို့ တက်ရောက်ရမည် ဖြစ်သည်။

ထိုယုတ္တိကျသော အကြောင်းအရင်းမှာ လွန်ခဲ့သည့် ရက်အနည်းငယ်တွင် Long Feiye မှာ Xueကုန်းကုန်းအား ဖိနှိပ်လိုက်ခြင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ သူက ယနေ့ မယ်တော်ကြီး၏ မွေးနေ့စားပွဲအား တက်ရောက်ခြင်း မရှိလျှင် ပို၍ ကြီးမားသော အရှုပ်အထွေးများ ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားနိုင်သည်။ Long Feiye မှာ ဧကရာဇ် Taihui အား မျက်နှာပျက်စေကာ ပုန်ကန်ရန် အစီအစဉ်မရှိသေးသရွေ့ သူက စော်ကားရန် အကြောင်းအရင်း မရှိပေ။

သဘောထားအရတွင်လည်း မယ်တော်ကြီးမှာ တော်ဝင်မိသားစုတွင် အကြီးအကဲတစ်ယောက်ဖြစ်သည်။ လူတိုင်းက အပြင်ပန်းတွင်မူ လိုက်လျောညီထွေဟန် ပြရဦးမည်ဖြစ်သည်။ အငယ်တန်း မျိုးဆက်အနေဖြင့် မယ်တော်ကြီးကိုယ်တိုင်မှ မင်္ဂလာပွဲ ချီးမြှင့်ထားသူတစ်ယောက်အနေဖြင့် Long Feiye မှာ စားပွဲသို့ မတက်ရောက်ပဲ နေရရန် အကြောင်းအရင်း မရှိပေ။ ၎င်းမှာ သာမာန်ကိစ္စ မဟုတ်ပေ။ ထို့အပြင် ကြင်ယာတော်ကြီးYi မှာ တက်ရောက်မည် မဟုတ်သဖြင့် Long Feiye မှာ သူမအတွက် မျက်နှာပြပေးရပေမည်။

“လေးစားရတဲ့ဝမ်ဖေးက အရမ်းစိုးရိမ်နေတာပါ။ အရှင့်သားက ဘယ်လိုလုပ် တစ်ခုခု ဖြစ်နိုင်မှာလဲ။ သွားရအောင်ပါ။ ဝမ်ဖေးက အဝတ်အစားလဲပြီး မျက်နှာချေ လိမ်းသင့်ပါပြီ။ အရှင့်သားက ပြန်လာနေလောက်ပြီ။" Zhaoမားမားမှာ သူမ၏ အိမ်တော်သခင်အပေါ်တွင် ယုံကြည်မှု များစွာ ရှိလေသည်။

စားပွဲစတင်ရန် တစ်နာရီသာ လိုတော့သည်။ သို့ဖြစ်၍ Han Yunxi မှာ အမှန်တကယ်ပင် ပြင်ဆင်ရန် လိုအပ်နေသည်။ သို့သော် သူမက ဆိတ်ငြိမ်တိမ်တိုက်ဆောင်၏ တံခါးသို့မရောက်ခင်ပင် Long Feiye မှာ ပြန်ရောက်လာသည်။ ပုံမှန်ဆိုလျှင် သူက အနက် သို့မဟုတ် အိမ်တော်တွင် သက်သက်သာသာ နေထိုင်ချိန်၌ အဖြူဝတ်ရသည်အား နှစ်ခြိုက်သောသူ ဖြစ်သည်။ ယနေ့ညတွင် ခရမ်းရောင်အား ဝတ်ဆင်ထားသည်။ ၎င်းမှာ အဆင်တန်ဆာများစွာ မပါရှိသောကြောင့် တစ်နည်းတစ်ဖုံဖြင့် ပေါ့ပါးဟန်ရှိသော်လည်း ထိုအရောင်အသွေးမှာ သူ၏ အသရေတင့်တယ်မှုတွင် သန့်စင်ပြေပြစ်မှုတို့ဖြင့် ထပ်လောင်းမြှင့်တင်ထားသကဲ့သို့ပင်။ တစ်နည်းတစ်ဖုံဖြင့် ခြိမ်းခြောက်နိုင်သော အငွေ့အသက်များ ပေးနိုင်လေသည်။ ၎င်းမှာ လူတိုင်းအား သူ့ထံမှ အကြည့်မလွှဲနိုင်စေပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Opowieści tętniące życiem. Odkryj je teraz