အခန်း(၂၂၇)

86 15 0
                                    

အခန်း(၂၂၇)

မျက်နှာသာပေး ကာကွယ်မှု…. အတွေးလွန်နေတာပဲ။







ဧကရာဇ် Taihui  မှာ နောက်ဆုတ်ပေးလိုက်ရသည်ဟု ဆိုခြင်းထက် ကျားစီးကာ ပြန်ဆင်းရန် ခက်ခဲသွားခြင်းဖြစ်သည်။ Luo Zuishan မှာ ဘိုးဘေးကောင်စီ၏ အမိန့်ပြား ထုတ်လာပြီဖြစ်သည်။ တရားရုံးတော်မှ အိမ်ရှေ့စံ၏ ကိစ္စနှင့် အကျင့်ပျက်ခြစားမှုအား စစ်ဆေးချင်လျှင်တောင် Luo Zuishan မှာ သူတို့အား ခွင့်ပြုပေးတော့မည် မဟုတ်ပေ။ ဧကရာဇ် Taihui မှာ အိပ်ရာပေါ်ရှိ သတိလစ်နေသည့် အိမ်ရှေ့စံအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက Xi Yubo အား Han Yunxi  နှင့် အခြားသူများအား ခေါ်သွားခွင့်ပြုလိုက်တော့သည်။ သူက ဤကိစ္စဖြင့် ဆေးမြို့တော်မှ ဘိုးဘေးကောင်စီအား အပြစ်မပြုချင်ပေ။

သေချာစွာပင် သူကလည်း Qinwang Rong အား ခေါ်ဆောင်သွားရမည်ဟု သတ်မှတ်ချက်တစ်ခု ရှိနေသည်။

Qinwang Rong  အား အတူတကွ ပို့လိုက်ခြင်း၏ ရည်ရွယ်ချက်မှာ Long Feiye အား စောင့်ကြည့်နေရန် ဖြစ်သည်။ ဧကရာဇ် Taihui မှာ Long Feiye  မှ ဆေးမြို့တော်နှင့် ဆက်စပ်နေနိုင်သည်ဆိုသည့် အတွေးအား လက်မခံနိုင်ပေ။ သို့တိုင် Luo Zuishan နှင့် Qinwang Rong မှ ထွက်ခွာရန်ရောက်ချိန်အထိ သူက ပေါ်မလာသကဲ့သို့ ဤကိစ္စအပေါ်တွင် အမြင်များ ဖော်ထုတ်ခြင်းလည်း မရှိပေ။

တိတ်ဆိတ်နေတာက ဧကရာဇ် Taihui ရဲ့ ဆုံးဖြတ်ချက်ကို သူက သဘောတူတယ်လို့ ပြောချင်တာလား။

Luo Zuishan အား ဤနေရာသို့ ဦးတည်ပေးလိုက်သူနှင့် အရာအားလုံးတွင် Long Feiye ၏ ရပ်တည်ချက်မှာ ဆန်းကြယ်မှု ဖြစ်နေသည်။ ဧကရာဇ် Taihui နှင့် နန်းတော်တွင်းရှိ အာဏာအစုအဖွဲ့အမျိုးမျိုးမှာ ထိုအခြင်းအရာအား စဉ်းစားနေကြသည်။ လက်ရှိတွင် Han Yunxi မှာ အကျဉ်းခန်းထဲမှ အပြင်သို့ ခေါ်ဆောင်လာခံရပြီး သံသယများ ပြည့်နှက်နေသည်။ သူမ အတွေးထဲရှိ အရာများမှာ Gu Qishao နှင့် သူ၏ ဇာတ်မြစ်ဖြစ်လေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က Gu Qishao မှာ ရင်ဘတ်အား ပုတ်ကာ သူမက ရက်အနည်းအတွင်း အကျဉ်းထောင်မှ လွတ်လိမ့်မည်ဟု ကြွေးကြော်ခဲ့သည်။ သူက သူမအား ထောင်ဖောက်ကာ ထုတ်ပေးမည်လားဟု စဉ်းစားမိသွားသော်လည်း သူက Luo Zuishan အား အမှန်တကယ်ပင် ဖိတ်ခေါ်နိုင်စွမ်းရှိနေသည်။ သူနဲ့ Luo Zuishan က မိတ်ဆွေတွေလား။ ဒါမှမဟုတ် သူက ဆေးမြို့တော် ဘိုးဘေးကောင်စီနဲ့ အဆက်အသွယ်တွေ ရှိနေတာလား။ သူမက သခင်မကြီး Tianxin အကြောင်း ရှာဖွေခဲ့ရာတွင် ဆေးမြို့တော်အားလည်း အထူးတလည် စုံစမ်းခဲ့သည်။ အကြီးအကဲဘုတ်အဖွဲ့နှင့် ဘိုးဘေးကောင်စီမှာ သူမက ရင်းနှီးနေသည့် အဖွဲ့အစည်းများဖြစ်ပြီး သဘာဝကျစွာပင် Luo Zuishan အား ကြားဖူးထားသည်။ ဝင်ပေါက်သို့ Gu Beiyue အားလည်း ခေါ်ဆောင်လာကြောင်း တွေ့လိုက်ရသည်။ သူ့တို့က အပြုံးချင်းဖလှယ်လိုက်ပြီးနောက် အတူတကွ လမ်းလျှောက်သွားလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now