အခန်း(၃၈၄)

45 13 0
                                    

အခန်း(၃၈၄)

မင်းဟန်ဆောင်လို့ ပြီးပြီလား။







လူထု၏ အမြင်မှာ အမှန်ပင် ပြောင်းလဲသွားနိုင်သည်။
လက်ပါးစေကောင်လေး၏ စကားများ ကျေးဇူးကြောင့် ၂၀,၀၀၀ ထက်ပိုသောဒုက္ခသည်များမှာ စတင်ကာ မငြိမ်မသက် ဖြစ်လာကြသည်။ တစ်ချိန်တည်းမှာပင် လူအုပ်၏ နေရာအမျိုးမျိုးမှ အော်သံများ ထွက်ပေါ်လာသည်။

“အရာရှိNanguo က စပါးတွေကို အလွဲသုံးစား လုပ်ထားတာမဟုတ်ဘူး။ မဟုတ်ရင် သူက စပါးအများကြီးကို ဘယ်က ရလာမှာလဲ။"

“အရှင့်သားချင်ဝမ် အရာရှိ Nanguo ကို သက်ညှာပေးပါ။ သူ့ရဲ့ နှလုံးသားက လူထုအတွက် နစ်မြှုပ်ထားတာပါ။ သူက အမေအိုကြီးဆီက စပါးကိုတောင် ထုတ်ယူလာပါတယ်။”

“အဲ့တာ မှန်ပါတယ်။ ကျေးဇူးပြုပြီး အရှင့်သားချင်ဝမ်က အရာရှိ Nanguo ကို သက်ညှာပေးပါ။”

“လူတိုင်း… အရှင့်သားချင်ဝမ်ကို အသနားခံရအောင်ပါ။"

ဖြည်းညင်းစွာဖြင့် Nanguo Mingde အား မျက်နှာသာပေးသော အသနားခံသည့် အသံများမှာ ကျယ်လောင်သထက် ကျယ်လာကာ တွန်းအားပေးသကဲ့သို့ဖြစ်လာသည်။ သူ့အတွက် မတောင်းပန်လိုပဲ တိတ်ဆိတ်နေသူများပင် လူအုပ်၏ ဆွဲယူမှုအား ခံလိုက်ရတော့သည်။ မကြာခင်ပင် လူအုပ်၏ အစိတ်အပိုင်း တစ်ခုလောက်မှ ဒူးထောက်ကာ Long Feiye အား တောင်းပန်လာကြသည်။ မူလတွင် Long Feiye မှာ ဒုက္ခသည်များ ကိုယ်စား စပါးတောင်းဆိုပေးနေသူ ဖြစ်သော်လည်း ယခုတွင် ဒုက္ခသည်များမှာ Nanguo Mingde အတွက် တောင်းပန်နေကြသူများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းကိစ္စအားလုံးမှာ Nanguo Mingde ၏ စွမ်းဆောင်ရည်ကြောင့်ဟု ဆိုနိုင်သည်။

ဘယ်လို စွမ်းရည်ရှိတာလဲ။

Long Feiye မှာ ကြည့်ရှုလေ့လာနေပြီး ခေါင်းငုံ့ကာ ခြေရင်းတွင် ဒူးထောက်နေသော Nanguo Mingde အား ငုံ့ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းများမှာလည်း အထင်အမြင်သေးစွာ ကွေးညွှတ်သွားတော့သည်။ ထိုကဲ့သို့ နည်းလမ်းမျိုးမှာ သူ၏ မျက်လုံးထဲသို့ မည်ကဲ့သို့ ဝင်နိုင်မည်လဲ။ သဘာဝကျစွာပင် Nanguo Mingde မှာ ခေါင်းမော့ကာ Long Feiye အား ရင်ဆိုင်ရန် သတ္တိမရှိပေ။ သူက ခေါင်းငုံ့ရင်း မျက်လုံးများမှာ တွက်ချက်နေသည်။ သူက လူအုပ်အား လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် လက်မြောက်ကာ အော်လိုက်သည်။ “လူတိုင်း တိတ်တိတ်လေးနေပြီး ကျုပ်ပြောတာကို နားထောင်ပါ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now