အခန်း(၂၈၇)

86 18 0
                                    

အခန်း(၂၈၇)

အမျက်ဒေါသ။ နေရာအနှံ့ ဆုကြေးထုတ်ခြင်း။




ညမှောင်လာချိန်တွင် Han Yunxi မှာ တွေဝေနေခြင်းမရှိပဲ အလွန်အမင်း တိတ်ဆိတ်နေသည့် လမ်းမှ ဦးဆောင်သွားသည့် Gu Qishao နောက် လိုက်သွားတော့သည်။ သူတို့၏ ခရီးလမ်းတစ်ဝက်တွင် Han Yunxi မှာ တစ်စုံတစ်ရာမှ မူမမှန်ကြောင်း သတိပြုမိသွားတော့သည်။

“ဒါက ဆေးဝါးမြို့တော်ကို သွားတဲ့လမ်းလား။" သူမက သံသယများဖြင့် မေးလိုက်သည်။ သို့တိုင် Gu Qishao မှာ သူမအား လှည့်စားမည်ဟု မထင်နိုင်ပေ။ အကယ်၍ သူက အမှန်တကယ် ထိုသို့ ပြုလုပ်ချင်လျှင် အရင်ကတည်းက စီစဉ်အားထုတ်ခဲ့လောက်ပြီ ဖြစ်သည်။

“ဒါက ဆေးဝါးမြို့တော်ကနေ ဆေးပစ္စည်းနဲ့ တခြားပစ္စည်းတွေကို ပို့တဲ့အခါ သုံးတဲ့လမ်းပဲ။ ဒါက လျှို့ဝှက်ဖြတ်လမ်းပဲ။ ဒါကြောင့် ငါတို့က ဓါးပြနဲ့ တွေ့မှာလည်း မဟုတ်ဘူး။" Gu Qishao မှာ ရိုးသားစွာဖြင့် ရှင်းပြလိုက်သည်။ ဤလမ်း၏ တည်ရှိမှုအား ဆေးဝါး သို့မဟုတ် ဆေးမြို့တော်မှ လူများသာ သိထားလေသည်။

Long Feiye မှာလည်း ထိုလမ်းအား ကြားဖူးထားသည်။ သို့တိုင် ယခုအချိန်မှ သတိရလျှင် နောက်ကျသွားပြီဖြစ်သည်။ သူက Han Yunxi အား ဆေးပညာသင်တန်းကျောင်းတွင် ရှာမတွေ့ခဲ့လျှင် သူမက တည်းခိုခန်း ပြန်သွားပြီဟု ယူ​ဆခဲ့သည်။ သို့သော် သူက ပြန်သွားသည်နှင့် မြေပြင်ပေါ်တွင် လဲနေသော အစောင့်နှင့် စားပွဲပေါ်မှ စိတ်ကူးလိပ်ပြာအိပ်မက်အား တွေ့လိုက်ရသည်။ ထိုမြင်ကွင်းမှာ သူ၏ ထိန်းချုပ်နိုင်စွမ်းအားလုံးအား လွတ်ထွက်လုနီးပါး ဖြစ်သွားစေသည်။ သူက ရရှိနိုင်သမျှ လူများအားလုံးအား ဆေးမြို့တော်၏ အဓိကထွက်ပေါက်လေးခုအား ရှာဖွေစေသည်။ တစ်ချိန်တည်းမှာပင် သူက လမ်းကြောင်းနှစ်ခုသို့ တပ်ဖွဲ့များ စေလွှတ်လိုက်သည်။ တစ်ဖွဲ့မှာ မြို့တော်လမ်းများအား ရှာဖွေရန်နှင့် ကျန်တစ်ဖွဲ့မှာ မြို့တော်တံခါးလေးခုမှ ထွက်သွားသော လမ်းလေးခုတစ်လျှောက် ရှာဖွေရန်ဖြစ်သည်။ Long Feiye ကိုယ်တိုင်မှာမူ ဆေးပညာသင်တန်းကျောင်းသို့ သွားလိုက်သည်။ သူက Gu Beiyue, Lou Zuishan , တတိယအကြီးအမှူးတို့သာမက Long Tianmo နှင့် Qinwang Rong အားပင် မေးမြန်းခဲ့ပြီး မည်သည့်ရလဒ်မှ မရခဲ့ပေ။ ကံကောင်းစွာဖြင့် တတိယအကြီးအမှူးမှာ သူ၏ ရှည်လျားသော ဘဝသက်တမ်းတွင် ကိစ္စများစွာအား မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ မဟုတ်လျှင် Long Feiye ၏ အေးစက်သော အမျက်ဒေါသမှာ သူ့အား Han Yunxi အကြောင်း အမှန်အတိုင်း ပြောရန် ဖိအားပေးနိုင်လောက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now