အခန်း(၃၃၇)

67 12 0
                                    

အခန်း(၃၃၇)

မြွေနဂါးသစ်သီးရဲ့ မမျှော်လင့်ပဲ ထွက်ပေါ်လာမှု။





အသေးလေးမှာ မေမေယွင်ရှီးအား ထပ်မံ၍ မနှောင့်ယှက်ဝံ့တော့ပေ။ သူက နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကာ သူမက အပ်စိုက်နေသည်အား ကြည့်နေသည်။ အချိန် အလွန့် အလွန်ကြာပြီး နောက်ဆုံးတွင် မေမေယွင်ရှီးမှာ အပ်စိုက်ကုသခြင်း ပြီးဆုံးသွားသော်လည်း လူကြီးမင်းမှာ သတိမရလာသေးပေ။ အသေးလေးမှာ မျက်နှာမှ မျက်ရည်များအား လက်ဖဝါးဖြင့် သုတ်ကာ ကုတင်ပေါ်မှ ခုန်ဆင်းသွားပြီး မီးခိုးတန်းကဲ့သို့ ပျောက်သွားတော့သည်။

မကြာခင် သူက ဆေးဝါးပစ္စည်း မျိုးစုံဖြင့် ပြန်ရောက်လာပြီး လူကြီးမင်း၏ ဘေးတွင် ချလိုက်သည်။ Han Yunxi မှာ ကုတင်ဘေးတွင် အနားယူနေပြီး ၎င်းမှာ သူမအား အံ့အားသင့်သွားစေသည်။ အသေးလေးမှာ အဖိုးတန်​ဆေးပစ္စည်းများ သိမ်းဆည်းသည်အား မြင်လျှင် အံ့အားသင့်နေတော့သည်။ ထို့အပြင် ၎င်းတို့မှ တစ်ခုမှာ မြွေနဂါးသစ်သီး ဖြစ်နေသည်။ ၎င်းမှာ ဆွံ့အအဘွား၏ အဆိပ်ဖြေဆေးအတွက် အဓိကကျသော ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်။ ထိုအသီးမှ ကြီးထွားရန် လိုအပ်သော အခြေအနေမှာ တိမ်တိုက်ကုန်းမြေကြီးတွင် နမူနာ အများဆုံး သုံးနေရာလောက်သာရှိနိုင်သည်။ အသေးလေး၏ လက်ထဲတွင် တစ်ခုရှိနေမည်ဟု မထင်မှတ်ထားပေ။ အံ့အားသင့်သွားသော်လည်း ၎င်းမှာ ကျိုးကြောင်းသင့်လျော်ကြောင်း Han Yunxi မှာ ခံစားလိုက်ရသည်။ အသေးလေးမှာ မရေမတွက်နိုင်အောင် နှစ်များစွာ နေထိုင်ခဲ့ပြီး သူက အချိန်ကြာမြင့်စွာပင် မြွေနဂါးသစ်သီးအား သိမ်းဆည်းထားခြင်း ဖြစ်နိုင်သည်။

ပင်ပန်းနေသော Han Yunxi မှာ မြွေနဂါးသစ်သီးအား ကောက်ယူလိုက်လျှင် အသေးလေးမှာ နောက်ခြေထောက်ပေါ်တွင် ရပ်လိုက်ပြီး သူမအား မျက်လုံးများ ဝိုင်းကာ ကြည့်လိုက်သည်။

“အသေးလေး မင်းရဲ့ ပစ္စည်းပုံကြီးက Gu Beiyue ကို မကယ်နိုင်ဘူး။ ငါတို့က အဲ့တာတွေကို သူ့ခန္ဓာကိုယ်ကို အားဖြည့်ဖို့ပဲ သုံးနိုင်မယ်။ နားလည်လား။ ဒီမြွေနဂါးသစ်သီးက သူ့ကို အားဖြည့် မပေးနိုင်ဘူး။ ဒါပေမယ့် တခြားတစ်ယောက်ကို ကယ်နိုင်တယ်။ ငါက အခုသိမ်းထားမယ်။" Han Yunxi မှာ ညင်သာစွာ ရှင်းပြလိုက်သည်။ သူမ၏ အသံမှာ ပြီးခဲ့သည့် ဒေါသသံမှ လုံးဝကွဲပြားနေသည်။ သူမက အပ်စိုက်နေချိန်တွင် နှောင့်ယှက်သည့် လူများအား သဘောမကျသောကြောင့် စိတ်မရှည်ဖြစ်သွားခြင်း ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now