အခန်း(၃၄၅)

71 13 0
                                    

အခန်း(၃၄၅)

အမှန်တကယ်ကို မပျော်ရွှင် ဖြစ်နေတယ်။





တော်ဝင်သမားတော် Gu နှင့် လေးစားရတဲ့ဝမ်ဖေးမှ လွဲလျှင်  Han Yunxi မှာ မြှားအား မည်သို့ ဖယ်ရှားမည်ဆိုခြင်းအား မည်သူမှ မသိပေ။ သို့တိုင် ဒဏ်ရာမှာ ချက်အောက် သုံးလက်မတွင် ရှိနေပြီး ကုသရန် သွေးတိတ်စေခြင်းထက် အတော်လေး နီးကပ်ရန် လိုကြောင်း လူတိုင်းမှာ သိနေသည်။ ဆိုလိုရင်းမှ... သူတို့က Gu Beiyue ၏ ဘောင်းဘီအား ဖယ်ရှားရပေမည်။

အရေးကြီးသော ကိစ္စများမှာ သုံးကြိမ် ထပ်ကျော့ရမည်။ ထိုကဲ့သို့ တစ်စုံတစ်ရာမှာ အသေအချာ… အသေအချာပင် ဖြစ်လာ၍ မဖြစ်ပေ။ အထူးသဖြင့် ချင်ဝမ်အိမ်တော်တွင်ပင်။ Zhaoမားမားမှာ အေးခဲနေသည်။ သူမက တံခါးအား အလျင်စလို တွန်းဖွင့်ရန် ပြန်လှည့်လိုက်သော်လည်း လေပြင်းတစ်ချက်မှ သူမအား တွန်းတိုက်သွားပြီး တံခါးအား ကြမ်းတမ်းစွာ ဖွင့်လိုက်သည်။ မည်သူ တစ်ဦးတစ်ယောက်မှ မတုံ့ပြန်နိုင်ခင် Long Feiye မှာ ဧည့်ဆောင်သို့ ဝင်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်အား ချန်ထားခဲ့လေသည်။

နောက်ဆုံးတွင် Zhaoမားမားမှာ ထိတ်လန့်မှုမှ ပြေလျော့သွားပြီး အသက်ရှူထုတ်လိုက်သည်။ သို့တိုင် နေရာတွင်ပင် သူမက အသက်ရှူရပ်မတတ် ဖြစ်သွားရပြန်သည်။ အဲ့တာက မဟုတ်သေးဘူး။ အဲ့တာက အရှင့်သား ချင်ဝမ်မဟုတ်ဘူးလား။ သူက တကယ်ပဲ အချိန်ကိုက် ပြန်ရောက်လာတယ်။ ဒါနဲ့ ပတ်သက်ပြီး အညှီနံ့ တစ်ခုခု ရှိနေပြီ။

Zhaoမားမားအား ဝိုင်းရံထားသော လူများမှာလည်း တောင့်တင်းနေသည်။ ဤသို့သော အချိန်တွင် အေးစက်ကာ သီးသန့်နေသော ချင်ဝမ်မှာ မျက်နှာပြလာမည်ဟု မည်သူမှ မထင်ထားချေ။ Han Yunxi မှာ ကန့်လန့်ကာများ နောက်တွင် ရှိနေသဖြင့် မည်သူက ဝင်လာမှန်း မသိပေ။ လက်ရှိတွင် သူမက အဆိပ်ပြင်ဆင်ရန်အတွက် လက်ထဲတွင် အဆိပ်ပမာဏအား ဂရုတစိုက် ချိန်တွယ်နေသည်။ သူမက အမုန်းဆုံး အရာတစ်ခုမှာ သူမ၏ ကုသနေမှုအလယ်တွင် အထူးသဖြင့် ယခုလို အချိန်မျိုးတွင် နှောင့်ယှက်ခံရခြင်းပင်။ Gu Beiyue မှာ အဆိပ်သင့်နေခြင်း မဟုတ်သဖြင့် အဆိပ်ဖြေစနစ်မှာ သူမအား တိကျသော ဆေးပမာဏအား သုံးစွဲရန် ပေးနိုင်မည် မဟုတ်ပေ။ Han Yunxi မှာ သူ၏ ကိုယ်ထဲတွင် နစ်မြှုပ်နေသည့် မြှား၏ အနက်အား ချိန်ဆကာ ဆေးအား တွက်ချက်နေရသည်။ ၎င်းမှာ ရှုပ်ထွေးသော တွက်ချက်မှုဖြစ်ကာ အနှောင့်အယှက်ဖြစ်၍ မရသော အရေးပါသည့် အလုပ်ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Onde as histórias ganham vida. Descobre agora