အခန်း(၃၆၀)

73 15 0
                                    

အခန်း(၃၆၀)

ရှင့်ကို အမြဲကာကွယ်ပေးမယ်။







နန်းတော်မှ ထွက်လာပြီးနောက် Long Feiye မှာ Han Yunxi အား အဖော်ပြုကာ ချင်ဝမ်အိမ်တော်သို့ ပြန်လာခဲ့သည်။ Han Yunxi မှာ အိမ်တော်ပြန်ရောက်သည်နှင့် အငတ်ဘေးသင့်ကိစ္စအား ဆွေးနွေးလိုသော်လည်း Long Feiye မှာ ချက်ချင်း ဖြေရှင်းရန် ကိစ္စရှိနေသည်။ သူက ထွက်သွားသည်အား မြင်လျှင် သူမက စိုးရိမ်တကြီး အော်လိုက်သည်။ “ဝမ်ရယ်..”

မထင်မှတ်စွာပင် တစ်ချိန်တည်း Long Feiye မှာလည်း သူမအား စကားပြောရန် လှည့်လိုက်သည်။

“ဝမ်ရယ် .. ရှင် အရင်ပြောပါ။”

“ဘာလဲ။"

နှစ်ယောက်မှာ တစ်ချိန်တည်းပြောလိုက်ပြီး Han Yunxi မှာ ပြုံးမိသွားတော့သည်။ သူမက အဓိကအချက်အား တန်းပြောလိုက်သည်။ “ဝမ်ရယ် ဘေးသင့်ဒေသတွေကို ချန်ချီကိုပါ အတူခေါ်သွားပေးပါ။ အဲ့ဒီနေရာတွေမှာ ကပ်ရောဂါတွေ ဖြစ်နေနိုင်တာကြောင့် ချန်ချီက လိုက်လာရင် ဝမ်ရယ်ကို ကာကွယ်ပေးနိုင်ပါတယ်။"

တစ်ဖက်တွင် Zhaoမားမားမှာ မထိန်းထားနိုင်ပဲ ကြိတ်ရယ်တော့သည်။ လေးစားရတဲ့ဝမ်ဖေးက ပိုပြီး ပိုပြီး အရေထူလာတယ်။ သူမက အဆိပ်သမားတော်ဖြစ်ပြီး စွမ်းရည်က အဆိပ်ဖြေတာပေမယ့် ဆေးပညာစွမ်းရည်က သာမာန်ပဲ ရှိတယ်။ အကြိမ်များစွာ သူမက ဆေးကုသရန် ကိစ္စများနှင့် ပတ်သက်၍ တော်ဝင်သမားတော်Gu၏ အကူအညီအတွက် ဆွေးနွေးရသည်။ ပို၍ အရေးပါသည်မှာ သူမက ကိုယ်ခံပညာ အနည်းငယ်ပင် မတတ်ပဲ အရှင့်သားအား ဆက်တိုက် ကာကွယ်ပေးမယ်လို့ ပြောနေတယ်။

Zhaoမားမားမှာ လေးစားရတဲ့ဝမ်ဖေးတစ်ယောက် အရှင့်သားနှင့် အတူသွားနိုင်ရန် အလွန်အမင်း ဆုတောင်းနေသော်လည်း ထိုကဲ့သို့ ဆင်ခြေမျိုးမှာ သူမအတွက် အလွန်ဆိုးရွားလှသည်ဟု ခံစားလိုက်ရသည်။

“ကိုယ့်ကို ကာကွယ်ပေးမယ်။” Long Feiye မှာ မျက်လုံးများတွင် စိတ်ဝင်စားသော အလင်းများဖြင့် မေးလိုက်သည်။

အမှန်တွင် Han Yunxi မှာ လိုက်သွားချင်ရုံသာ ဖြစ်သည်။ Long Feiye မှာ အသေအချာပင် သူ၏ အစောင့်အကြပ်များနှင့် တော်ဝင်သမားတော်ခြံဝန်းမှ သမားတော်များအား ဘေးသင့်ဒေသများသို့ ခေါ်သွားမည် ဖြစ်သည်။ သူမက စိတ်ပူစရာ မလိုပေ။ Long Feiye မှာ သူမအား ကြာကြာကြည့်နေလေ သူမက အပြစ်ရှိစိတ်များ ပေါ်လာလေဖြစ်သည်။  သို့တိုင် သူမက သူ၏ အကြည့်အား တည်ငြိမ်နေဆဲဖြစ်သည်။ အဆုံးတွင် သူတို့၏ ခြေလှမ်းတစ်ရာသော ခရီးမှာ သူမက အပြုံးဖြင့် တစ်လှမ်းချင်း ဆက်လျှောက်သွားရမည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now