အခန်း(၃၅၃)

74 12 0
                                    

အခန်း(၃၅၃)

အပြင်ပန်းတွင် သိမ်မွေ့သော်လည်း အတွင်းပိုင်းတွင် နတ်ဆိုးတမျှ။







သူမက ရောက်လာလျှင် Long Feiye မှာ စကားပြောနေသည်အား ရပ်တန့်လိုက်ကာ Chu Xifeng မှာ တလေးတစားဖြင့် အခန်းထောင့်သို့ နောက်ဆုတ်သွားသည်။ သူတို့က လုပ်ဆောင်ဖွယ်ရာများ ပြောနေမှန်း Han Yunxi မှာ သိနေသော် သူမ၏ ကိစ္စမှာ အချိန်ဆွဲ၍ မဖြစ်နိုင်တော့သဖြင့် ရွေးချယ်စရာမရှိပဲ Long Feiye အား ယခုပြောရပေမည်။

“ဝမ်ရယ်.. ကျွန်မက ရှင်နဲ့ ကိစ္စတစ်ခု ဆွေးနွေးလို့ရမလား။" သူမက အလေးအနက် မေးမြန်းလိုက်သည်။

Su Xiaoyu မှာ ဆိတ်ငြိမ်တိမ်တိုက်ဆောင်သို့ ပြန်သွားပြီ ဖြစ်သည်။ Zhao မားမားမှာ စိတ်မအေးနိုင်ပဲ Han Yunxi မှာ စိတ်လိုက်မာန်ပါ လုပ်ဆောင်မည်အား စိုးရိမ်ကာ နောက်မှလိုက်လာသည်။ သူမက Han Yunxi ၏ စကားများကြောင့် ထိတ်လန့်နေပြီး ဝတ်ရုံအား လျှို့ဝှက်စွာ ဆွဲထားသည်။ Zhaoမားမားမှာ အရှင့်သားချင်ဝမ်အား Mu Liuyue မှ Han Yunxi အား မည်ကဲ့သို့ အရှက်ခွဲခဲ့ကြောင်း ပြောချင်နေသော်လည်း မဝံ့ရဲပေ။ ချင်ဝမ်မှာ လေးစားရတဲ့ဝမ်ဖေးအား နှစ်သက်မှန်း သူမက သိနေသော်လည်း ဘယ်လောက်အထိလဲ။ မည်မျှအတိုင်းအတာထိလဲ။ သူမက မရှင်းလင်းပေ။

အရှင့်သားချင်ဝမ်နှင့် လေးစားရတဲ့ဝမ်ဖေးမှာ ခြေလှမ်းတစ်ရာ မကွာဝေးတော့ကြောင်းသာ သူမက သိနေသည်။ သို့တိုင် အလွန်နီးကပ်လာခြင်းလည်း မရှိသေးပေ။ မူလတွင် မယ်တော်ကြီးမှ သူတို့၏ ထိမ်းမြားအမိန့်အား ချမှတ်ပေးကာ ဧကရာဇ်Taihui မှာ ၎င်းအား ဖိအားပေးနေခဲ့သည်။ ထိုအချိန်က လက်ထပ်ပွဲတစ်ခုလုံးမှာ ချင်ဝမ်အတွက် စော်ကားမှုနှင့် အရှက်ခွဲခံရခြင်းသာ ဖြစ်သည်။ အကယ်၍ လေးစားရတဲ့ဝမ်ဖေးမှာ ယခုအချိန်တွင် မင်္ဂလာလက်ဖွဲ့တောင်းဆိုလျှင် အရှင့်သားချင်ဝမ်မှာ အသေအချာပင် ယခင်ကထက် ပို၍ မပျော်မရွှင်ဖြစ်လိမ့်မည်။ သူက သူမအား အမှန်တကယ် လက်ဆောင်ပေးလားဆိုသည်မှာ မသေချာပေ။

“ဘာကိစ္စလဲ။" Long Feiye မှာ ညင်သာစွာ မေးလိုက်သည်။ သူ၏ မှတ်ဥာဏ်ထဲတွင် ထိုအမျိုးသမီးမှာ သူ့ထံမှ တစ်စုံတစ်ရာ တောင်းဆိုသည်မှာ ရှားပါးလှပြီး အလျင်စလို ဆိုလျှင် ပြောစရာမလိုတော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now