အခန်း(၃၈၆)

47 14 0
                                    

အခန်း(၃၈၆)

ဒါပေမယ့် သူက ဆန္ဒမရှိဘူး။







ကြင်နာတတ်သူများမှာ အခြားသူထံမှ လိမ်ညာခြင်းခံရသည်။ ကြင်နာသော မြင်းများမှာ အခြားသူများ၏ စီးနင်းခြင်း ခံရသည်။ တစ်ခါတစ်ရံတွင် တိတ်ဆိတ်ကာ စိတ်ရှည်သည်းခံခြင်းမှာ အနိုင်ကျင့်၍ လွယ်ကူသည်ဟု အခြားသူများက တွေးထင်နိုင်သည်။ သူတို့က တစ်လက်မရပြီးနောက် တစ်ကိုက်လိုချင်လာတတ်သည်။ သို့တိုင် ၎င်းမှာ အမြဲတမ်း မဖြစ်နိုင်ပေ။ ချင်ဝမ်မှာ တစ်ချိန်လုံး တိတ်ဆိတ်နေချိန်တွင် အရာရှိYu နှင့် Nanguo Mingde တို့မှာ အတော်ကြာအောင် ပြဇာတ်ကနေခဲ့ကြသည်။ နှစ်ယောက်မှာ သရုပ်ဆောင်မှုတွင် အလွန်စိတ်ပါနေစဉ် ချင်ဝမ်အား လွယ်ကူသော ပစ်မှတ်ကဲ့သို့ သဘောထားကာ တစ်ကိုက်ပြီးတစ်ကိုက် ရှေ့တိုးလာကြသည်။

ယခုတော့ ရလဒ်အား ကြည့်ပါဦး။

Chu Xifeng မှာ လူတစ်ဖွဲ့အား ခေါ်ဆောင်ကာ အကြီးတန်းအရာရှိအိမ်တော်အား ရှာဖွေနေစဉ် လူအုပ်မှာ အသက်ပြင်းပြင်းရှူကာ စောင့်နေကြသည်။ Nanguo Mingde ၏ မျက်နှာမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဆုတ်နေပြီး တစ်ကိုယ်လုံးမှာ တုန်ရင်နေသည်။ သူက အိမ်တော်တံခါးအား ကြည့်နေပြီး စကားပြောရန်ပင် ထိတ်လန့်နေသည်။ သူက မျှော်လင့်ချက် ပျောက်ဆုံးလုနီးပါး ဖြစ်နေသော်လည်း သူ၏ မြေအောက်ခန်းမှ စပါးကျီအား ရှာတွေ့နိုင်မည်မဟုတ်ဟု အတွေးရှိနေဆဲဖြစ်သည်။

Chu Xifeng မှာ အချိန်ကြာမြင့်သည်အထိ ထွက်မလာခဲ့ပေ။

Nanguo Mingde မှာ သူ၏ ကံကောင်းအား ခိုင်မာစွာ ခံစားလိုက်ရသည်။ စစ်ဆေးမှုက လွတ်နိုင်အောင် ငါက ကံကောင်းနေတာမလား။ စပါးကျီမှာ အလွန်သေသပ်စွာ ဖုံးကွယ်ထားပြီး Chu Xifeng မှာ သူ၏ ပိုင်ဆိုင်မှုများနှင့် မရင်းနှီးပေ။ သူက အရင်းအမြစ်ကို ဘယ်လိုလုပ် ရှာတွေ့မှာလဲ။ အချိန်အတော်ကြာပြီးနောက်ဆုံးတွင် Chu Xifeng မှာ ထွက်လာပြီး ရှိနေသည့် လူများ၏ အကြည့်များအား လက်ခံလိုက်ရသည်။ အိမ်တော်တွင် စပါးရှိနေလား ဆိုခြင်းအား သူတို့က တစ်ကြိမ်တည်း သိရတော့မည်။

Chu Xifeng ၏ မထိမဲ့မြင် အကြည့်မှာ Nanguo Mingde အပေါ်တွင် စက္ကန့်ပိုင်းလောက် ကျရောက်သွားပြီးနောက် နှာခေါင်းရှုံ့လိုက်လျှင် ထိုသူမှာ အလန့်တကြားဖြစ်သွားတော့သည်။ Nanguo Mingde ၏ အင်္ကျီလက်ထဲရှိ လက်များမှာ လက်သီးဆုတ်ထားကာ တင်းကျပ်နေမှုမှာလည်း ကောင်းကင်သို့ ရောက်သွားတော့သည်။ သို့သော် Chu Xifeng မှ ပြောလိုက်သည်။ “အရှင့်သားချင်ဝမ် ဒီငယ်သားက အကြီးတန်းပြည်နယ်အရာရှိရဲ့ အိမ်တော်မှာ စပါးကို ရှာမတွေ့ခဲ့ပါဘူး။”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now